top of page

အိမ်မှာ ရေခဲခဲရင် ဘာလို့ ဖြူဖြူကြီးဖြစ်သွားတာလဲ?

Writer: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

အားလုံးပဲ အိမ်မှာရှိတဲ့ ရေခဲသေတ္တာနဲ့ ရေခဲခဲဖူးကြမှာပါ။ ဘာလို့ရေခဲတွေက စျေးကြီးတဲ့ စားသောက်ဆိုင်ကရေခဲ၊ ကြော်ငြာတွေထဲက ရေခဲတွေလို ကြည်လင်မနေရတာလဲ? ကြည်လင်အောင် ဘယ်လိုလုပ်လို့ရမလဲ? 


ရေခဲကို ဖြူစေတဲ့ အဓိကအချက်ကတော့ ၂ ချက်ပါ။ 

၁. ရေထဲမှာရှိနေတဲ့ မျက်လုံးနဲ့မမြင်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေနဲ့ 

၂. ရေမှရေခဲဖြစ်ရန်ကြာတဲ့ အချိန်မြန်ဆန်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။


ရေထဲမှာ ပျော်ဝင်နေတဲ့ သတ္တုဓာတ်တွေ၊ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ impurities တွေ (example calcium, fluoride, nitrates, magnesium and other organic elements) နဲ့ ရေထဲမှာ ရှိနေတဲ့ Gas/Air Bubbles တွေက ပုံမှန် ရေ က အရည် (liquid) အနေနဲ့ ရှိနေတဲ့ချိန်မှာ မမြင်ရပဲ ကြည်လင်နေပင်မဲ့ ရေကို ခဲလိုက်တဲ့အချိန်မှာ (Temperature ပြောင်းလဲသွားချိန်) ရေခဲ အတွင်းမှာ Gas/Air Bubbles များနဲ့ Minerals များက ပိတ်ခဲပြီး သိပ်သည်းလာကာ ရေခဲရဲ့ အလယ်ဗဟိုမှာ သွားပြီး စုနေတာမျိုး တွေရပါလိမ့်မယ်။ (ပုံထဲတွင်ကြည့်ပါ) 


နောက်တစ်ခုကတော့ ရေမှရေခဲသို့ ဖြစ်ရန်ကြာချိန် ကို ပုံမှန်အိမ်သုံး ရေခဲသေတ္တာတွေမှာ ထိန်းချုပ်ထားတာမျိုးမရှိပါဘူး။ ဆိုလိုချင်တာက ရေမှရေခဲသို့ ဖြစ်ရန် ကြာချိန် တိုပါတယ်။ အချိန်တိုတဲ့ အတွက် ရေထဲမှာရှိနေတဲ့ Gas/Air Bubbles တွေက ရေထဲက အပြင်ကို လွတ်ထွက်ဖို့ အချိန်မရပဲ ရေခဲဖြစ်ချိန်မှာ အထဲတွင် ပိတ်ကျန်ခဲ့ပြီး ရေခဲကို နောက်သွားစေပါတယ်။ 


ထို့ကြောင့် Commercial used ရေခဲစက်များမှာ ရေခဲကို ခဲတဲ့ အခါ ရေကို layer by layer ခဲတာမျိုးကို တွေ့ရမှာပါ။ ရေခဲခဲဖို့ အချိန်ကို ပိုယူပြီး ရေထဲမှာရှိနေတဲ့ air bubbles တွေကို ထွက်သွားဖို့ အချိန်ပိုရစေပါတယ်။ ပြီးတော့ ရေခဲစက်တွေထဲ ဝင်တဲ့ အဝင်ရေ quality ကို အဆင့်တစ်ခု သတ်မှတ်ထားတာတွေ့ရပါမယ်။ minerals တွေ မနည်းလွန်း မများလွန်းအနေအထားပါ။ အဲ့ဒါမှ ထွက်လာတဲ့ ရေခဲ က quality ပြည့်မှီတဲ့ ရေခဲရမှာပါ။ 


အဲ့တော့ အိမ်မှာ ရေခဲကို ကြည်အောင် ဘယ်လိုခဲလို့ရလဲ? 


အဓိက ကတော့ အတော်အသင့် သန့်စင်ထားတဲ့ ရေ ဥပမာ: စျေးကွက်ထဲမှာ ရှိနေတဲ့ RO စနစ်နဲ့ သန့်ထားတဲ့ ရေသန့်ဗူးထဲကရေမျိုး၊ or အိမ်သုံးရေသန့်စက် (may be residential filtered RO water) ကို မခဲခင် အရင် ပွက်ပွက်ဆူအောင် ၃ မိနစ်လောက် တည်ပြီးမှ ခဲရင် အရင်ကထက် ပိုကြည်လင်တဲ့ ရေခဲကို ရနိုင်ပါလိမ့်မယ်။ (ရေကို အချိန်ကြာကြာယူပြီးခဲနိုင်ရင်ပိုကောင်းပါတယ် ဒါပင်မဲ့ အိမ်မှာလုပ်ဖို့ အတွက်တော့ လက်ဝင်ပြီး ခက်ခဲပါတယ်)။ 

RO စနစ်နဲ့ သန့်ထားတဲ့ ရေကို ဘာလို့ သုံးခိုင်းလဲဆိုတော့ minerals တွေ impurities တွေ တတ်နိုင်သလောက် နည်းသွားအောင်ပါ။ မိမိရေက minerals အလွန်များမနေဘူးဆို ရှိတဲ့ရေ သုံးလို့ရပါတယ်။ (Minerals များမများကတော့ ရေစေးဖြစ်နေလား၊ ရေငန်လား၊ or TDS meter လေးနဲ့ တိုင်းကြည့်နိုင်ပါတယ်။ အကြမ်းအားဖြင့် TDS above 100 ppm လောက်ဆို ကြည်ဖို့သိပ်အဆင်မပြေပါဘူး)။ ပွက်ပွက်ဆူအောင် ၃ မိနစ်ခန့် တည်ခိုင်းတာကတော့ ရေထဲမှာရှိနေတဲ့ Gas/Air Bubbles တွေနဲ့ Minerals အချို့ကို လျော့ချဖို့အပြင် ပိုးလဲ သတ်ပြီးသားဖြစ်သွားအောင်ပါ။ ကိုယ်တိုင်စမ်းသပ်ကြည့်ပြီး ကြည်လင်တဲ့ ရေခဲကို အိမ်မှာ လုပ်နိုင်ကြပါစေ။ 


မှတ်ချက်အနေနဲ့ အဲ့နေရာမှာ ပြောစရာရှိတာက Commercial Ice Maker တွေမှာ RO ရေသုံးမယ်ဆိုရင်တော့ သတိထားပါ။ မသုံးတာကောင်းပါတယ်။ မဖြစ်မနေသုံးရမယ်ဆို စက်ကို တပ်ဆင်ပေးမဲ့ service provider ကို ကြိုတင်အကြောင်းကြားပြီး RO ရေကို detect လုပ်မဲ့ RO Water Sensor ကို သုံးရပါမယ်။ မဟုတ်ရင် Water Level Sensor ပြဿနာ ကြုံရပါလိမ့်မယ်။ အသေးစိတ် ကိုတော့ နောက် ကြုံရင် ရေးပေးပါဦးမယ်။ 


Dr. Sai Aung Thant Zin







1 Comment


Jaffar Khalid
Jaffar Khalid
Feb 11
Like
Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page