top of page
  • Writer's pictureDr. Sai Aung Thant Zin

KDF ဆိုတာ ဘာလဲ?

ကျွန်တော့ကို လာမေးတဲ့သူ များလို့ KDF ဆိုတဲ့ media အကြောင်း တိုတိုရှင်းရှင်း အကြမ်းဖျင်း ပြောပြပါမယ်။


KDF ရဲ့ အရှည်ကောက်နာမည်က Kinetic Degradation Fluxion လို့ခေါ်ပါတယ်။ အလွန်သင့်စင်တဲ့ copper-zinc သတ္တုအမှုန်/အစိုင်အခဲများဖြစ်ပါတယ်။ ရေထဲမှာ oxidation-reduction reaction (Redox reaction) ဖြစ်စေပြီး ရေကိုသန့်စင်တဲ့ media မျိုးပါ။


ဘယ်နေရာတွေမှာ အသုံးများလဲ?


ရေသန့်စနစ်တွေရဲ့ pretreatment, primary treatment နဲ့ ရေဆိုးသန့်စင်စနစ် waste water treatment တွေမှာ အသုံးပြုကြပါတယ်။ Point of use ရေသန့်စင်စနစ်တွေ ရေသန့် filter တွေထဲမှာလဲ activated carbon filter များနဲ့ တွဲဖက်ပြီး အသုံးပြုကြပါတယ်။


ဘာတွေကို ဖယ်ရှားပေးနိုင်လဲ?


ရေထဲက heavy metals တွေ (eg. lead, mercury, copper, nickel, chromium, and other dissolved metals)၊ chlorine တွေ၊ hydrogen sulphide ဓာတ် စတာတွေကို ဖယ်ရှားပေးနိုင်ပြီး bacteria ပေါက်ပွါးမှုကိုလဲ ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။


KDF ဘယ်နှစ်မျိုးရှိသလဲ? ဘာကွာလဲ?


4 မျိုးရှိပါတယ်။


1. KDF 55 - ရေထဲက chlorine နဲ့ ပျော်ဝင်နေတဲ့ heavy metals တွေကို လျော့ချတဲ့နေရာမှာ အဓိက အသုံးပြုပါတယ်။

2. KDF 85 - ရေထဲက iron သံဓာတ်နဲ့ hydrogen sulphide ကို လျော့ချတဲ့နေရာမှာ အဓိက အသုံးပြုပါတယ်။

3. KDF-F - Point of use carbon block filter မျိုးတွေမှာ activated carbon နဲ့ အတူ ထည့်သွင်းအသုံးပြုပါတယ်။ Carbon filter အတွင်း bacteria ပေါက်ပွါးမှုကို ထိန်းချုပ်ပေးတဲ့အတွက် carbon filter ရဲ့ သက်တန်းနဲ့ စွမ်းရည်ကို ပိုမိုတိုးတက်စေပါတယ်။

4. KDF C - KDF 55 လိုပဲ ရေထဲက chlorine နဲ့ ပျော်ဝင်နေတဲ့ heavy metals တွေကို လျော့ချတဲ့နေရာမှာ အဓိက အသုံးပြုပါတယ်။ Mesh size ကွာသွားပါတယ်။


အားသာချက်


ရေထဲက ဓာတ်ပစ္စည်း တော်တော်များများကို ဖယ်ရှားပေးနိုင်တဲ့ သတ္တိ ရှိခြင်း၊

Activated carbon ရဲ့ သက်တန်းကို ပိုမိုကောင်းမွန်စေခြင်း၊

ရေအပူချိန် မြင့်သည့်နေရာတွင်လဲ အသုံးပြုနိုင်ခြင်း၊

ပြန်လည်အသုံးပြုနိုင်ခြင်း (Recyclable)

Mesh size ၄ မျိုးရွေးချယ်နိုင်ခြင်း၊


အားနည်းချက်


ပြည့်စုံတဲ့ ရေသန့်စနစ်တစ်ခုရဖို့ KDF တစ်မျိုးထဲဖြင့် မလုံလောက်ခြင်း၊

Organic chemicals (Eg. ပိုးသတ်ဆေး၊ Disinfection byproducts, etc.) နှင့် ကပ်ပါးကောင်များ၏ Parasitic cyats များ (Eg. giardia and cryptosporidium) ကို သူတစ်ခုတည်းဖြင့် မဖယ်ရှားနိုင်ခြင်း၊

အချို့ case များတွင် ပုံမှန် ရေပူဖြင့် ပြန်လည်ဆေးကြောပေးရခြင်း (Regualr backwashing with hot water) ကြောင့် ရေ နှင့် စွမ်းအင်များ အဆမတန် ဆုံးရှုံးနိုင်ခြင်း၊

နောက်ဆုံးအချက်အနေနဲ့ သူများနိုင်ငံမှာတော့ cost efficient ဖြစ်တယ်လို့ပြောပြင်မဲ့ ကျွန်တော်တို့ မြန်မာစျေးကွက်ထဲက စျေးသက်သာပြီး quality မမှီတဲ့ ရေသန့် media များနဲ့ယှဉ်ရင် စျေးနှုန်း အလွန်မြင့်မားနေခြင်း၊


KDF media ကို မြန်မာမှာ ဝယ်လို့ရလား?


Media ပုံးလိုက်ရောင်းတဲ့ supplier တော့ သိသလောက် မရှိသေးပါဘူး။ ဒါပင်မဲ့ အိမ်သုံး ရေစစ် filter အသေးလေးတွေထဲမှာ KDF ထည့်ထားတဲ့ filter မျိုးလေးတွေတော့ အချို့ ဆိုင်တွေမှာ တွေ့ရတတ်ပါတယ်။ ဒါပင်မဲ့ tap filter လေးတွေဆိုတော့ ထင်သလောက် အလုပ်တော့ သိပ်မဖြစ်ပါဘူး။


Carbon block ထဲ KDF ထည့်ထားတဲ့ ပစ္စည်းမျိုးရော ရှိမလား?


ရှိပါတယ်။ ကြော်ငြာရမယ်ဆိုရင် ကျွန်တော့ company (Mark Two Seven Co., Ltd.) က local distributor အနေနဲ့ တင်သွင်းတဲ့ Pentair Everpure ရဲ့ 2CB5-K/ 4CB5-K နဲ့ 7CB5-K ဆိုတဲ့ filter တွေက high efficiency carbon block နဲ့ KDF media ကို ရောနှောထားတဲ့ စားသောက်ဆိုင်နဲ့ အထွေထွေ သုံး အဆင့်မြင့် specialty water filter တွေဖြစ်ပါတယ်။ Quality အားဖြင့် အရမ်းကောင်းတဲ့အတွက် စျေးနှုန်းလဲ မြင့်မားပါတယ်။ ရေခဲစက်၊ ကော်ဖီစက်နဲ့ သောက်ရေသန့်စနစ်တွေမှာ carbon filter ရဲ့ စွမ်းရည်နဲ့ သက်တန်းကို ပိုကောင်းအောင်လုပ်နိုင်ပြီး filter နဲ့ စက်ပစ္စည်းအတွင်း bacteria ပေါက်ပွါးမှုကို လျော့ချတဲ့နေရာမှာ အသုံးများကြပါတယ်။ အသေးစိတ်သိချင်ရင်တော့ ကျွန်တော့ page မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ (Comment ထဲမှာ ပုံလေးတွေထည့်ပေးထားပါတယ်)


ကျေးဇူးတင်ပါတယ်။


Dr. Sai Aung Thant Zin



87 views0 comments

Recent Posts

See All
Post: Blog2_Post
bottom of page