top of page

Granular Activated Carbon (GAC) Filter vs  Activated Carbon Block (CTO) Filter

  • Writer: Dr. Sai Aung Thant Zin
    Dr. Sai Aung Thant Zin
  • Nov 13, 2020
  • 2 min read

ကျွန်တော်တို့ရေသန့်စင်မှု စနစ်များမှာ အသုံးပြုတဲ့ filter စနစ်များထဲတွင် filtration steps များစွာပါဝင်ပြီး ထို steps များထဲတွင် activated carbon filtration သည် အရေးပါသော step တစ်ခုဖြစ်ပါသည်။ ထို့အပြင် activated carbon filtration ကို ရေသန့် စနစ်များတွင်သာမက လေသန့်စင်ခြင်း၊ ဆေးဝါးပြုလုပ်ခြင်း၊ ဆေးဝါးနှင့် ကုသရေးဖက်ဆိုင်ရာလုပ်ငန်းများ၊ ဓာတုပစ္စည်း သန့်စင်ခြင်း လုပ်ငန်းများ၊ အရက်ချက်လုပ်ငန်းများ၊ စသည်တို့အပြင် အခြားများစွာသော လုပ်ငန်းများတွင် အသုံးပြုကြပါသည်။


Activated Carbon တွင် Block filter နှင့် GAC-Granular Activated Carbon filter ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ နှစ်မျိုး၏ ကွာခြားပုံကို မပြောခင် ပထမဦးဆုံး Activated Carbon ၏ အကြောင်းကို အနည်းငယ် ပြောပြပါမည်။ 

Activated Carbon ဆိုသည်မှာ မီးသွေးကို အလွန်မြင့်မားသော အပူချိန်တွင် အထူးပြုလုပ်ပြီး အမှုန့်များ/သေးငယ်သော အခဲများ အဖြစ် တည်ရှိနေအောင်ပြုလုပ် ထားသော ပစ္စည်းတစ်မျိုးဖြစ်သည်။ အသုံးပြုသော မီးသွေးအမျိုးအစားများစွာရှိပါသည်။ (wood, coconut, bamboo, coal, etc). Surface area အလွန်များအောင်ပြုလုပ်ထားသည့် အတွက် chemical များ၊ မလိုလားအပ်သော organic compound များ၊ THMs, pesticides, herbicides, chlorines များကို ထိရောက်စွာ ဖယ်ရှားနိုင်ပြီး ရေ၏ အရောင်၊အနံ့၊အရသာများကို တိုးတက်ကောင်းမွန်စေပါသည်။ Activated carbon 1 gram တွင် အကြမ်းအားဖြင့် 32000 square feet ခန့်ရှိပါသည်။ 


ထိုတွင် block နှင့် granular အဓိကကွာခြားပုံကို ရှင်းပြပါမည်။ Carbon block filter များသည် Activated carbon အမှုန့်များကို compress လုပ်ပြီး block အဖြစ် ဖြစ်အောင် ပြုလုပ်ထားပါသည်။ Surface area သည် granular form ထက် ရေနှင့် ထိတွေ့ချိန် contact time နှင့် ထိတွေ့မှု မျက်နှာပြင် surface area ပိုမိုများပြားသဖြင့် granular form ထက် ပိုမို၍ ကောင်းမွန်ပြီး ထိရောက်သော သန့်စင်မှုကို ပိုမိုရရှိပါသည်။ သို့သော် Flow rate မှာ limit ဖြစ်သဖြင့် large scale ၊ high flow rate လိုအပ်သောနေရာများတွင် အသုံးမပြုဘဲ residental service များနှင့် Flow rate အများအပြား မလိုသော နေရာများ တွင် အဓိက အသုံးပြုကြပါသည်။ 

Activated Granular Carbon filter များတွင်မူ block filter များလောက် contact time နှင့် surface area မများပါ။ သို့သော Granular carbon ၏ အားသာချက်မှာ flow rate များစွာ(carbon block နှင့်ယှဉ်လျှင်) ပိုမို အသုံးပြုနိုင်ခြင်းဖြစ်သည်။ High flow လိုအပ်သောနေရာများ၊ Large scale များတွင် အသုံးပြုကြပါသည်။ 


Carbon filter များ သည် အထက်ပါ ကောင်းကျိုးများစွာပေးသော်လည်း အားနည်းချက်များ၊ ဂရုပြုသင့်သည့် အချက်များလဲရှိပါသည်။ Activated carbon filter များ၏ မျက်နှာပြင်များသည် bacteria ပိုးမွှားများ၏ ပေါက်ဖွားရာ နေရာဖြစ်ပါသည်။ ထို့ကြောင့် အချိန်ကာလ တစ်ခုကြာမြင့်လာလျှင် လဲလှယ်ပေးခြင်း၊ ပုံမှန်ဆေးကြောပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ သို့မှသာ နောက်ပိုင်း filter ပျက်ဆီးခြင်းကြောင့် system တစ်ခုလုံး ထိခိုက်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါသည်။ 


နောက်ပိုင်းတွင် အချို့ Carbon filter များတွင် Silver impregnated (ငွေထည့်သွင်းထားသော) filter များကို အသုံးပြုကြပါသည်။ 

(Silver-ငွေ သည် antibacterial activity ရှိသောကြောင့် carbon ပေါ် ပိုးမွှားပေါက်ခြင်းကို လျော့ကျစေသည်။) 


ထို့ကြောင့် မိမိအသုံးပြုမည့် raw water နှင့် စနစ်ပေါ်မူတည်၍ activated carbon များကို မှန်ကန်စွာ ရွေးချယ်ရန် လိုအပ်ပါတယ် ဟု အကြံပြုလိုက်ပါသည်။ 


မှတ်ချက် - Activated Carbon များသည် ပိုးသတ်ခြင်း၊ သံဓာတ်၊ ထုံးဓာတ်၊ heavy metals များ နှင့် ဆားများ၊ minerals များကို မလျော့ချနိုင်ပါ။


Dr. Sai Aung Thant Zin





Comentarios


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page