top of page

Water Profile Analysis of Evian Water

Writer's picture: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

Water Profile Review

Evian Water

Origin: France

Source: Spring


Balance (ပြေပြစ်မှု): Still Water (Gas မပါဝင်ပါ) - 1/5

Virginity (စင်ကြယ်မှု): Very Good - 4/5

Minerality (သတ္တုဓာတ်ပါဝင်မှု): Medium - 3/5

Orientation (အရသာမျှတမှု): Neutral (မချို/မချဉ် - ပုံမှန်) - 2/5


Hardness (ရေစေးဓာတ်ပါဝင်မှု): Very Hard (ရေစေးဓာတ် အလွန်များ) - 5/5


Vintage (သက်တန်းရင့်မှု): ~15 years - 2/3



*This water profile analysis is independently tested by WaterLab by Dr. Sai which is a custodian of this analysis data for any commercial & non-commercial usage*


Evian ရေသန့်က ကျွန်တော် ဖတ်ရှူလေ့လာရသလောက် ရေအရင်းအမြစ်က ပြင်သစ်နိုင်ငံ Alps တောင်တန်းတွေရဲ့အပေါ်က နှင်းမှုန်တွေ၊ မိုးရေတွေက စတင် အရင်းခံလာပြီး ထုတ်ယူတာကတော့ ပြင်သစ်နိုင်ငံ Lake Geneva ဒေသမှာပါ။ ရေထွက်အမျိုးအစားကတော့ စိမ့်စမ်းရေ Spring water အမျိုးအစားဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ Alps တောင်တန်းများပေါ်က နှင်းမှုန်များ၊ မိုးရေများက အေးခဲနေတဲ့ ကျောက်ဆောင်ကျောက်တုံးများ၊ မြေလွှာများကြားက ၁၅ နှစ်လောက်ကြာအောင် ဖြတ်သန်းစီးဆင်းလာတဲ့ရေပါ။ ထုတ်ယူတဲ့နေရာမှာလဲ သဘာ၀ပတ်ဝန်းကျင်မပျက်ဆီးအောင် သဘာဝအတိုင်းထွက်ရှိတဲ့ ရေထွက်နှုန်းထက် ပိုမိုပြီး ထုတ်ယူခြင်း မရှိဘူးလို့သိရပါတယ်။အရသာအားဖြင့် ထူးခြားပြီး ကမ္ဘာပေါ်မှာလဲ ရောင်းအားအလွန်ကောင်းတဲ့ နာမည်ကြီး brand တစ်ခုဖြစ်ပါတယ်။


ကျွန်တော့အနေနဲ့ ရေတစ်ခုရဲ့ အရသာ flavour profile ကို ပြောမယ်ဆိုရင် အပိုင်း ၄ ပိုင်းနဲ့ ခွဲပြောချင်ပါတယ်။ကျွန်တော်တို့ လျှာက ခံစားနိုင်တဲ့ အရသာသဘောတရားရဲ့အခြေခံပေါ်မူတည်ပြီး 1. Sweetness (အချို) 2. Saltiness (အငန်) 3. Sourness (အချဉ်) 4. Bitterness (အခါး/အဖန်) ဆိုပြီး ၄ ပိုင်းခွဲနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့လျှာက Savoriness ဆိုတဲ့ Umami flavour (Umami က အတော် ဘာသာပြန်ရခက်ပါတယ်၊ အနီးစပ်ဆုံးဆိုစားကောင်းသောက်ဖွယ်များစားသောက်ပြီးချိန်ရရှိတဲ့ အဆိမ့်အရသာ) ကိုလဲ ခံစားနိုင်ပင်မဲ့ ရေတွေမှာ ထိုအရသာမျိုးတွေ့ရခဲပါတယ်။


အဲ့တော့ အခုပြောခဲ့တဲ့ အရသာ ၄ မျိုးပေါ်အခြေခံပြီး Evian ရေကိုခံစားကြည့်ပါမယ်။ စာဖတ်သူတွေလဲ ကိုယ်တိုင်လိုက်ပြီး ခံစားကြည့်လို့ရပါတယ်။ Photo ထဲက Chart လေးတွေကိုလဲကြည့်နိုင်ပါတယ်။

  1. Sweetness (အချို) - neutral (မချို/မချဉ် - ပုံမှန်)

  2. Saltiness (အငန်) - Somewhat salty (အငန်ဓာတ်အနည်းငယ်ရှိ )

  3. Sourness (အချဉ်) - No sourness (လုံးဝမချဉ်)

  4. Bitterness (အဖန်/အခါး) - Slightly bitter/(umami) aftertaste (နောက်ဆုံးကျန်ခဲ့တဲ့ အရသာမှာ ဖန်/ဆိမ့်အရသာ အနည်းငယ်ရှိ)

  5. Other (အခြား) - Slippery after drink (ရေသောက်ပြီးချိန်မှာတော့ ခံတွင်းနဲ့လျှာပေါ်မှာ အနည်းငယ်ချွဲ / ခံတွင်းမကြမ်းသွား)


အသေးစိတ်ဆိုရင်တော့


လျှာတစ်ခုလုံးမှာ ခံစားမှုအကောင်းဆုံးဖြစ်တဲ့နေရာတွေက လျှာထိပ်ပိုင်းနဲ့ ဘေးဖက်ခြမ်းတွေပါ။ ထိပ်ပိုင်းရေကိုစတင်ပြီး ထိမိတဲ့နေရာမှာ pH neutral ဖြစ်တဲ့အတွက် အချိုဓာတ်/အချဉ်ဓာတ် မရှိပဲ အရသာ မျှတပါတယ်။ ပြီးတော့ ဘေးဖက်ခြမ်းတွေနဲ့ ခံတွင်းတစ်ခုလုံး ရေတွေကို ထိတွေ့ချိန်မှာတော့ သတ္တုဓာတ် အသင့်အတင့်များတဲ့ရေများ (TDS 251-800 ppm ကြား) မှာ တွေ့ရတတ်တဲ့ အငန်ဓာတ်အနည်းငယ်အပြင် ရေစေးဓာတ်အရမ်းများတဲ့ရေမျိုးမှာတွေ့ရလေ့ရှိတဲ့ အစိမ့်အရသာကိုပါခံစားရပါတယ်။ ရေရဲ့ body က ခံတွင်းထဲမှာ ပေါ့ရွှတ်ရွှတ်ဖြစ်မနေပဲမသိမသာလေး ပျစ်ပြီး လေးတဲ့ဖက်ကို သွားပါတယ်။ အချဉ်ဓာတ်ကတော့ လုံးဝကို မခံစားရပါဘူး။ နောက်ဆုံးမျိုချလိုက်ပြီးချိန်မှာတော့ လျှာအရင်းနဲ့ အာခေါင်ကိုပွတ်ကြည့်ပြီး aftertaste ကိုခံစားကြည့်တဲ့အခါမှာ slightly bitter and umami (အဖန်နဲ့ အစိမ့်ဓာတ်နည်းနည်း) ရှိနေပြီး ရေသောက်ပြီးချိန်မှာတော့ ခံတွင်းနဲ့လျှာပေါ်မှာအနည်းငယ်ချွဲတဲ့ slippery ဖြစ်တဲ့ ခံစားချက်လေးရပါတယ်။ အဲ့ဒါကတော့ pH, TDS နဲ့ Hardness တွေရဲ့ ပေါင်းစပ်သွားတဲ့ အရသာလို့ထင်ပါတယ်။ Evian ရေက pH 7.2, TDS - 345 ppm နဲ့ Hardness 300 ppm နီးပါးရှိပါတယ်။


ကျွန်တော့အမြင်ကတော့

  1. Evian ရေရဲ့ ပင်မ source က 100% natural ဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာလဲ celebrity တွေကအစ လူကြိုက်များတဲ့ brand တစ်ခုဖြစ်တာ စတဲ့ အချက်တွေကြောင့် သောက်တဲ့သူရဲ့ စိတ်မှာ ကျေနပ်တဲ့ခံစားချက်တစ်ခုရနိုင်ပါတယ်။ (အချို့ကလဲ overrated ဖြစ်တယ်လို့ထင်ကြပါတယ်၊ အဲ့ဒါလဲဖြစ်နိုင်ပါတယ်၊ ဒါပင်မဲ့ Evian ရဲ့marketing strategy, product quality ကိုထိန်းသိမ်းနိုင်မှု နဲ့ brand image တည်ဆောက်ထားပုံကတော့ အတုယူစရာပါ)

  2. နေ့စဉ်သောက်သုံးလို့ရမလားဆိုရင် ရပါတယ်။ ကုန်ကျစရိတ်ခံနိုင်တဲ့သူဆိုရင်တော့ သောက်သုံးပါပေါ့၊ သင်က ကျန်းမာနေတဲ့ သူတစ်ယောက်ဆိုရင်တော့ သင့်ကျန်းမာရေးကို Evain မှာပါတဲ့ သတ္တုဓာတ်တွေက ပိုလို့တောင် ပံ့ပိုးပေးဦးမှာပါ။ စျေးကတော့ ၅၀၀ ml တစ်ဗူးကို မြန်မာနိုင်ငံမှာရောင်းစျေး 1500-1700 ကျပ်ဝန်းကျင်ရှိနေတာကတော့ စဉ်းစားစရာတစ်ခုပါ။ အချို့ကျောက်ကပ်ရောဂါရှိနေတဲ့ သူတွေ အတွက်တော့ရေစေးဓာတ်အလွန်များတဲ့ ရေဖြစ်လို့ မသင့်တော်ပါဘူး။

  3. သောက်ရေအဖြစ်မဟုတ်ပဲ လက်ဖက်ရည်၊ ကော်ဖီဖျော်မယ်ဆိုရင်တော့ လူတိုင်းအတွက်မဟုတ်တော့ပါဘူး။အဲ့အကြောင်းလေးကိုတော့ ဒီ link ( ) ထဲက video မှာ ဝင်ကြည့်နိုင်ပါတယ်။

  4. ကျွန်တော့တစ်ဦးတည်းအမြင် သိပ်မကြိုက်တဲ့ အချက်ကိုပြောပါဆိုရင်တော့ ရေစေးဓာတ်(အရပ်အခေါ်ထုံးဓာတ်) အလွန်များတဲ့အတွက် ရံဖန်ရံခါ ပုံမှန် ရိုးရိုးရေထဲကို နွားနို့ ၁-၂ စက်လောက် ရောထားသလို စိမ့်တဲ့အရသာက သိသိသာသာပေါ်ပေါ်လာပါတယ်။ အဲ့အရသာက အချို့အချိန်ဆိုကောင်းပင်မဲ့ အချို့အချိန်မျိုးမှာ အနည်းငယ် ကသိကအောင့်တော့ ဖြစ်စေပါတယ်။

  5. အချုပ်ပြောရရင်တော့ Evian ရေက ရေအရသာက 100% natural and authentic ဖြစ်တယ်။ လေးလေးပင်ပင်နဲ့ သောက်လို့ကောင်းပါတယ်။ နေ့စဉ်သောက်ဖို့ကတော့ ကျွန်တော်တို့ နိုင်ငံအတွက် စရိတ်များနိုင်ပါတယ်။Local ရေသန့်ထဲမှာ 100% natural မဟုတ်ပင်မဲ့ သတ္တုဓာတ်ပါတဲ့ cheaper option တွေရှိပါတယ်။


Dr. Sai Aung Thant Zin


186 views0 comments

Recent Posts

See All

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page