top of page

သောက်ရေသန့်ဘူးတွေမှာ တွေ့ရတတ်တဲ့ အုန်းသီးနံ့ ဆိုတာ ဘာလဲ?

  • Writer: Dr. Sai Aung Thant Zin
    Dr. Sai Aung Thant Zin
  • Jul 23, 2020
  • 1 min read

သောက်ရေသန့်ဘူးအသစ်တွေဝယ်သောက်ရင် အုန်းသီးနံ့လိုမျိုး သစ်သီးနံ့တွေ ရဖူးကြမယ်ထင်ပါတယ်။ 


ထိုအနံ့ကို အချို့က Chlorine အနံ့၊ အချို့ကလဲ အသီးနံ့ ပါအောင် တမင်ထည့်ထားတယ်၊ အချို့ကလဲ Ozone ပိုးသတ်ဓာတ်ငွေ့ရဲ့အနံ့ စသည်ဖြင့် အမျိုးမျိုး ထင်မြင်ယူဆကြပါတယ်။ 


အမှန်တကယ်တော့ အဲ့ အနံ့ရဲ့ အရင်းအမြစ်က Acetaldehyde လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ ပလက်စတစ်ရေဘူးလို့ခေါ်တဲ့ Polyethylene terephthalate (PET) bottles တွေကို ပြုလုပ်တဲ့အခါ မြင့်မားတဲ့ အပူချိန်နဲ့ PET ကို ပုံသွင်းရပါတယ်။ အခါမှာ Acetaldehyde ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပေါ်လာပြီး PET ဘူးတွေရဲ့ နံရံအတွင်းမှာ ကျန်ရှိနေပါတယ်။ ထို Acetaldehyde ရဲ့ အနံ့ကို Ethereal ပြင်းအားအလွန်နည်းသော (သစ်သီး)အနံ့ အဖြစ် ဖော်ပြကြပြီး ရေဘူးအတွင်း ရရှိသော အုန်းသီးနံ့ မှာ Acetaldehyde မှ ထွက်ပေါ်လာတဲ့ အနံ့လို့ ယူဆရပါတယ်။ 


PET ဘူးများအတွင်း အနံ့၊ အရသာရှိသော သစ်သီး ဖျော်ရည်များ၊ ကိုကာကိုလာကဲ့သို့ Soda ဖျော်ရည်များ ကိုထည့်သွင်းလျှင် ဖျော်ရည်၏ အနံ့သည် Acetaldehyde ၏ အနံ့ကို သာလွန်သွားပြီး သိပ်မသိသာတော့ပင်မဲ့ ရေကဲ့သို့ အနံ့၊ အရသာ မရှိတဲ့ အရည်မျိုးထည့်လိုက်ချိန်မှာတော့ ရံဖန်ရံခါ Acetaldehyde ရဲ့ အနံ့ကို ခံစားရတတ်ပါတယ်။ 


နိုင်ငံတကာမှာတော့ PET ဘူးများအတွင်း Acetaldehyde ကို အနံ့၊အရသာ စံနှုန်းအဖြစ် 20–40 ppb သတ်မှတ်ကြပါတယ်။ 


ရေဘူးများကို နေပူထဲ၊ နေပူထဲ ရပ်ထားသော ကားပေါ်မှာ အချိန်ကြာမြင့်စွာ ထားပြီး သောက်သုံးရင် Acetaldehyde အပြင် chemical များ ပိုမိုထွက်ပေါ်လာစေပြီး အရသာ ပြောင်းနေတာ သတိထားမိကြမှာပါ။ ထို့အပြင် နေပူထဲအချိန်ကြာမြင့်စွာထားသည့် Plastic PET ရေဘူးများကို သောက်သုံးလျှင် ကင်ဆာဖြစ်နိုင်ချေရှိသည် (May cause cancer) လို့ သိရပင်မဲ့ တိကျတဲ့ စံနှုန်းထားများ၊ စာတန်းများကိုတော့ မတွေ့ရပါဘူး။ သို့သော် ဘယ်လိုပဲဆိုပါစေ ထိုအခြေအနေမျိုးမှာ ရေထဲ Chemical များပျော်ဝင်နေနိုင်တဲ့ အတွက် မိမိအသိဥာဏ်ဖြင့် ကာကွယ်၊ သတိထားဖို့တော့လိုအပ်ပါမယ်။ 


အကျဉ်းချုပ်ရရင်တော့ PET ရေဘူးများအတွင်းရှိ အုန်းသီးနံ့ရဲ့ တရားခံက Acetaldehyde ပါခင်ဗျာ။ 


Dr. Sai Aung Thant Zin


Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page