top of page

သောက်ရေဘယ်နှစ်မျိုးရှိလဲ? ကျွန်တော်တို့သောက်နေတဲ့ရေတွေ ဘယ်ကလာတာလဲ? အပိုင်း : ၂

Writer's picture: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

1. Rain Water (မိုးရေ)


မိုးရေဆိုတာကတော့ ကျွန်တော်တို့ လူသားတွေ စိုက်ပျိုးရေး၊ ရေပေးဝေရေး၊ သုံးရေ၊ သောက်ရေ စတဲ့ အမျိုးမျိုးသော ကိစ္စများအတွက် နှစ်ပေါင်းများစွာ မှီခိုအားထားပြီး သိုလှောင်သုံးစွဲကြတဲ့ ရေအရင်းအမြစ်တစ်ခုပါ။ ကျွန်းနိုင်ငံ အများစုရဲ့ အဓိကရေအရင်းအမြစ်တွေထဲက တစ်ခုလဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရေသန့်ထုတ်လုပ်သူအချို့က ကမ္ဘာ့လေထုအသန့်ရှင်းဆုံးဖြစ်တဲ့ဒေသတွေက ရရှိတဲ့ မိုးရေကို စနစ်တကျ သိုလှောင်သိမ်းဆည်းပြီး ရေသန့်စနစ်အချို့ဖြင့် ထပ်မံသန့်စင်ကာ ရေသန့်အဖြစ်ပြန်ဖြန့်ဖြူးကြတာမျိုးတွေရှိပါတယ်။မိုးရေကရတဲ့ ရေသန့်တွေက သက်တန်းနုတဲ့ young water ခေါင်းစဉ်အောက်ရောက်ပြီး အရသာအရလဲသတ္တုဓာတ်အလွန်နည်းတဲ့ neutral ဖြစ်တဲ့ အရသာဖက်ကို သွားပါတယ်။ မိုးရေကရတဲ့ ရေသန့် brand ထဲကနာမည်ကြီး fine water brand တစ်ခုကတော့ Australia နိုင်ငံ မှာရှိတဲ့ ကမ္ဘာပေါ်မှာ လေထုအသန့်ရှင်းဆုံးနေရာလို့သတ်မှတ်နိုင်တဲ့ Tasmania ပြည်နယ် Table Cape ဒေသကထွက်တဲ့ Tasmanian Rain ဆိုတဲ့ ရေသန့်ပဲဖြစ်ပါတယ်။စျေးနှုန်းအနေနဲ့ကတော့ ၁ ပုလင်းကို မြန်မာငွေ ၁၅၀၀၀ ဝန်းကျင်ရှိပါတယ်။


2.ရေခဲမြစ်ရေ (Glacier Water)


လွန်ခဲ့တဲ့ နှစ် ၂ သောင်းလောက်က ကမ္ဘာကြီးရဲ့ ၃ ပုံ ၁ ပုံက Glacier များနဲ့ ဖုံးလွှမ်းနေခဲ့တာပါ။ အခုအချိန်မှာတော့ကျန်ရှိနေသေးတဲ့ ရေခဲမြစ်ကြီးများ ပင်လယ်သမုတ္တရာထဲကို အရည်မပျော်ဝင်သွားခင်မှာ ရေသန့်ထုတ်လုပ်သူများကတော့ သောက်ရေသန့်အဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။ ရေခဲမြစ်ရေများရရှိတဲ့ နေရာဒေသတွေက လူနှင့်အခြား သတ္တဝါများ အရောက်အပေါက်နည်း/ ရောက်ရှိနေထိုင်ရန် ခက်ခဲပြီး သဘာဝပတ်ဝန်းကျင်ကို စည်းမျဉ်းများ တင်းကျပ်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဒေသများဖြစ်တဲ့အတွက် ရေ quality အနေနဲ့ သန့်ရှင်းမှုကောင်းတဲ့ထဲပါပါတယ်။ သက်တန်းအရ ကြီးရင့်တဲ့ old water စာရင်းဝင်ပြီး သတ္တုဓာတ် နည်းပါတယ်။ အရသာ flavour profile အနေနဲ့ကတော့ မိုးရေနဲ့ နီးစပ်ပါတယ်။ Greenland နိုင်ငံ ကထုတ်တဲ့ Inland Ice ဆိုတဲ့ brand ကတော့Greenland နိုင်ငံအောက်မှာရှိတဲ့ နှစ်သက်တန်းပေါင်း ၁၀၀၀၀၀ ကျော်ရေခဲလွှာ Glacier sheet ကြီးကရေကို ရေသန့်အဖြစ် filter စနစ်မပါပဲ ပြုလုပ်ထားတဲ့ ကမ္ဘာ့အသန့်ရှင်းဆုံး သက်တန်းရင့် unfiltered fine water တစ်ခုဖြစ်ပါတယ်။ စျေးနှုန်းအရကတော့ ၇၅၀ ml တစ်ပုလင်းကို မြန်မာငွေ 35000-40000 လောက်ရှိနိုင်ပါတယ်။

3. Deep Sea Water (ပင်လယ်ရေချို)


Greenland ဒေသနားက ရေခဲတောင်ကြီးများက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ပင်လယ်ထဲကိုအရည်ပျော်နေပါတယ်။ ဒါပင်မဲ့ အရည်ပျော်တဲ့ ရေနဲ့ ပင်လယ်ရေနဲ့က ဆားအငန်ဓာတ် salinity မတူညီခြင်း၊ အပူချိန် temperature မတူညီခြင်းတို့ကြောင့် ရောနှောမသွားပဲ ထို ရေခဲရေချိုများက ပင်လယ်ရေငန်များရဲ့ အောက် ပင်လယ်သမုတ္တရာကြမ်းပြင်နားမှာ တည်ရှိနေပါပြီး ကမ္ဘာကို လှည့်ပတ်စီးဆင်းနေကြပါတယ်။ ပင်လယ်ရေအောက် ပေ ၃၀၀၀လောက်က ရရှိတဲ့ ပင်လယ်ရေချိုကို သောက်ရေသန့်အဖြစ်ပြန်လည်ထုတ်လုပ်တဲ့ brand များထဲက တစ်ခုကတော့Hawaii , Kona မြို့မှာ ထုတ်လုပ်တဲ့ Kona Deep ဆိုတဲ့ brand ဖြစ်ပြီး သတ္တုဓာတ် အသင့်အတင့်ပါဝင်တဲ့ ရေတစ်မျိုးဖြစ်ပါတယ်။ စျေးနှုန်းအရကတော့ ၁ လီတာကို မြန်မာငွေ ၃၅၀၀-၄၅၀၀ လောက်ရှိပါတယ်။


!! Bonus Content လေးတစ်ခုထပ်တိုးပေးထားပါတယ်။ အခုပြောမဲ့ရေ source ကတော့ ထူးထူးခြားခြားလေးပါ !!

4. Air Water (လေထုမှ ထုတ်လုပ်ထားတဲ့ရေ)


အပိုအနေနဲ့ နောက်ဆုံး latest trend တစ်ခုဖြစ်တဲ့ air water အကြောင်းပြောပြပေးပါမယ်။ ဟုတ်ပါတယ်၊ လေထုကနေ ရေပြန်ထုတ်တာပါ။ ကမ္ဘာပေါ်မှာ သန့်ရှင်းတဲ့လေထုရှိတဲ့ နေရာတွေကလေကို condensation ငွေ့ရည်ဖွဲ့ခြင်းပြုလုပ်ပြီး အနည်အမှုန်စစ်ကာ ပိုးသတ်ပြီး သောက်သုံးရေအဖြစ် ပြန်လည်ထုတ်လုပ်တဲ့ ရေသန့် တစ်မျိုးရှိပါတယ်။ Brand နာမည်ကတော့ Ô Amazon Air Water ပါ။ ကမ္ဘာ့အကြီးဆုံး မိုးသစ်တော Amazon Rain Forest ပေါ်ရှိသန့်ရှင်းလွန်းလှတဲ့ လေထုကို ငွေ့ရည်ဖွဲ့ပြီး ထုတ်ထားတဲ့ Ô Amazon Air Water က ကမ္ဘာ့အကြီးဆုံး တောအုပ်ကြီးရဲ့ အရသာကို သင့်ခံတွင်းထဲမှာ ဖြတ်သန်းသွားစေမှာလို့ ညွှန်းကြပါတယ်။ စျေးနှုန်းကတော့ luxury fine water ဖြစ်တဲ့အတွက် တော်တော်လေးမြင့်မားတယ်လို့သိရပင်မဲ့ တိတိကျကျတော့ မသိရသေးပါဘူး။


Dr. Sai Aung Thant Zin

Article Ref : Fine Water Academy

Photo Ref : Tasmanian Rain, Inland Ice, Kona Deep and Fine Water Academy Official Website




113 views0 comments

Recent Posts

See All

댓글


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page