ရေသန့်စက်မဝယ်ခင် ဂျင်းမမိဖို့ ဒီစာကိုဖတ်ပါ
- Dr. Sai Aung Thant Zin
- Jul 17, 2020
- 1 min read
Updated: Jul 30, 2020
အစိုးရပေးရေကလဲ အနည်အမှုန်များပြီး အနံ့ နံလို့ သုံးရတာ အဆင်မပြေဘူး၊ တွင်းရေ ကျပြန်တော့လဲ သံဓာတ်များပြီး ဝါဝါထိန်ထိန် မကြည်မလင်နဲ့ သုံးလို့ကို မရ။
အထက်က ပြောတဲ့ ရေပြဿနာတွေကတော့ ကျွန်တော်တို့ ရန်ကုန် ပတ်ဝန်းကျင်ဒေသတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ရေပြဿနာတွေပါ။ အဲ့လိုမျိုး Quality မကောင်းတဲ့ ရေတွေကို ရေရှည် အသုံးပြုခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေရုံသာမကပဲ ပိုက်လိုင်း၊ ဘေစင်၊ အိမ်သာကြွေခွက်နဲ့ အခြားရေသုံးသော ပစ္စည်းများကိုပါ ညစ်ညမ်း ပျက်စီးစေပါတယ်။
အဲ့လိုပြဿနာတွေနဲ့ ကြုံလာရင် ဘယ်လိုမျိုး ဖြေရှင်းလို့ရလဲဆိုတာကို တစ်ဆင့်ချင်းရှင်းပြပေးပါမယ်ဗျ။
1. ရေပြဿနာကို အရင် လေ့လာပါ။ ရေ အသုံးပြုရာမှာ ဘယ်လို ပြဿနာတွေ အဆင်မပြေမှုတွေ ကြုံတွေ့နေရလဲ ဆိုတာကို မှတ်သားပါ။ (ဥပမာ - ရေက အနံ့နံတယ်၊ ရေတင်ပြီးပြီးချင်းဆိုကြည်တယ်၊ ခဏနေမှ ဝါသွားတယ်၊ စသည်ဖြင့်)
2. Online မှဖြစ်စေ သို့မဟုတ် နီးစပ်ရာမှဖြစ်စေ ကျွမ်းကျင်၊ စိတ်ချရသော ရေသန့် Service Provider ကို ရှာဖွေပါ။ ဆက်သွယ်ပြီး မိမိ ကြုံတွေ့နေရတဲ့ ရေပြဿနာ အသေးစိတ်ကို တိုင်ပင်ဆွေးနွေးပါ။
3. ရေသန့် Service Provider မှ ရေ အရည်အသွေး စစ်ဆေးရန် အကြံပြုလာလျှင် Service Provider ထံသို့ ရေနမူနာ ပို့၍ဖြစ်စေ၊ Service Provider မှ သင့်ထံသို့ Site Survey လာရောက်၍ဖြစ်စေ ရေအရည်အသွေးကို စစ်ဆေးပါ။ (သင်ရွေးချယ်သည့် Service Provider အပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွဲပြားနိုင်ပါသည်)
4. ရေအရည်အသွေး စစ်ချက် အဖြေရရှိလာပြီဆိုရင်တော့ ရေသန့် Service Provider ထံမှ သင်ပြဿနာကို ဖြေရှင်းနိုင်မည့် ရေသန့် Design နှင့် စျေးနှုန်းလွှာကို ထပ်မံတောင်းယူပါ။
5. ရေသန့်စနစ်တပ်သင့်၊ မတပ်သင့် ဆုံးဖြတ်ပါ။ ကနဦး ကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ် နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပြန်လည်သုံးသပ်ပါ။
6. တပ်ဆင်ဖို့ ဆုံးဖြတ်ပြီးပါက တပ်ဆင်မည့် အချိန်၊ နေ့ရက်ကို ရက်ချိန်းယူပြီး တပ်ဆင်ပြီးချိန် Customer ဖက်မှ maintenance လုပ်နည်း၊ ဆောင်ရန်၊ ရှောင်ရန် များကို ရေသန့်စက် တပ်ဆင်ပြီးသည်နှင့် တခါတည်း နားလည်အောင် သင်ပြခိုင်းပါ။
7. သန့်ရှင်းသောရေကို စိတ်ချမ်းသာစွာ အသုံးပြုလိုက်ပါ။
သတိပြုရန် အချက်များ
* စျေးပေါခြင်း နှင့် စျေးသက်သာခြင်း မတူတာ ကို သတိပြုရပါမယ်။ ရေသန့်စနစ်များတွင် စျေးသက်သာချင်၍ စျေးပေါသည့် Quality မပြည့်မှီသည့် ပစ္စည်းများကို အသုံးပြုမိပါက ငွေကုန်၍ စိတ်မချမ်းမသာဖြစ်ရတတ်ပါတယ်။ စျေးမပေါသော်လည်း စျေးသက်သာပြီး Quality သင့်တင့်သည့် ပစ္စည်းများစွာရှိပါတယ်။
* စျေးကြီးတိုင်းလဲ မလိုအပ်ပါ။ ရေသန့်ပစ္စည်းများတွင် စျေးအလွန်ကြီးပြီး ပစ္စည်း Quality အလွန်ကောင်းသော ပစ္စည်းများလဲရှိပါတယ်။ သို့သော် မိမိအသုံးပြုမည့် နေရာ၊ ရေအရည်အသွေး အဆိုးအကောင်းပေါ်မူတည်ပြီး Quality ကို ရွေးချယ်ပေးရမှာက ရေသန့် Service Provider များရဲ့ တာဝန်ပါ။
* ရေစမ်းဖို့ကို မတွန့်တိုပါနှင့်။ သင်ရေစမ်းလိုက်ခြင်းအားဖြင့် သင့်ရေအဖြေမှတ်တမ်းတစ်ခုကိုရရှိပြီး အလုပ်လုပ်ရတာ ပိုမို လွယ်ကူစေပါတယ်။
* မိမိတတ်နိုင်သည့် ငွေပမာဏ Budget ကို ပြောဖို့ မစိုးရိမ်ပါနဲ့။ Service Provider အနေနဲ့ Budget သုံးနိုင်အား အကြမ်းဖျင်း သိထားရရင် Design ဆွဲရာမှာ ပိုမို မြန်ဆန်စေပါတယ်။ Project တစ်ခုလုံးရဲ့ Process ကို ပိုမြန်စေပါတယ်။
ကျွမ်းကျင်တဲ့ Service provider ဟုတ်မဟုတ် သိချင်ရင်တော့ Customer ဖက်မှရေသန့်စနစ်မှာသုံးထားတဲ့ ရေစစ် media များရဲ့ အလုပ်လုပ်ပုံ၊ Flow rate တွက်ချက်သည့် Formula များ၊ Technical data sheet များ၊ RO စနစ်မှာဆိုရင်လဲ Recovery ရေကောင်းရေဆိုး တွက်ချက်ပုံ စသည်အသေးစိတ်များထိ မေးခွင့်ရှိပါတယ်။
Dr. Sai Aung Thant Zin #water #knowledge #advance

Comments