top of page

ရေတွေကို စစ်လိုက်ရင် တွေ့တွေ့နေရတဲ့ Coliform နဲ့ E. coli ပိုး ဆိုတာ ဘာလဲ?

Writer: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

အစိုးရစည်ပင်ရေတွေနဲ့ တွင်းရေတွေကို စစ်လိုက်ရင် တွေ့တွေ့နေရတဲ့ E. coli ( Escherichia coli ) ဆိုတာကတော့ လူတွေ၊ တိရစ္ဆာန် တွေရဲ့ အူလမ်းကြောင်းတွေထဲမှာ တွေ့ရလေ့ရှိတဲ့ Fecal Coliform Type Bacteria တစ်မျိုးပါ။ ရေထဲမှာ E. coli ကိုတွေ့ရှိနေရရင်တော့ ထိုရေအရင်းအမြစ်က မိလ္လာရေဆိုး(သို့)တိရစ္ဆာန် အညစ်အကြေးများနှင့် ထိတွေ့ပြီး ညစ်ညမ်း/Contaminate ဖြစ်နေသည်ဟု အကြမ်းဖျင်းယူဆနိုင်ပါတယ်။


Fecal Coliform ဆိုတာဘာလဲ?


Fecal Coliform ဆိုတာကတော့ အထက်ပါ E. coli အပါအဝင် အခြားသော လူ၊တိရစ္ဆာန်တို့ရဲ့ အညစ်အကြေးထဲတွေ တွေ့ရလေ့ရှိတဲ့ bacteria များကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ရေတစ်ခုထဲမှာ Fecal Coliform များနေတဲ့ အခြေအနေဆိုရင် ထိုရေထဲမှာ လူ့ကျန်းမာရေးကို အန္တရာယ်ပေးနိုင်တဲ့ bacteria များပါဝင်နိုင်မှုများပြားနေတယ်လို့ အကြမ်းဖျက်းယူဆလို့ရပါတယ်။ (မစင်များ၊အညစ်အကြေးများ တိုက်ရိုက်ပါနေခြင်းကို မဆိုလိုပါ)


E. coli နဲ့ အခြား Fecal Coliforms တွေက ရေထဲကို ဘယ်လိုရောက်လာကြတာလဲ?


အဓိက ကတော့ အပေါ်ကပြောခဲ့သလိုပါဘဲ။ လူ၊ တိရစ္ဆာန်တို့ရဲ့ အညစ်အကြေးတွေနဲ့ ထိစပ်၊ contaminate ဖြစ်တာကနေစတာပါ။ ဥပမာ public sewage system တွေနဲ့ city water supply လိုင်းတွေရဲ့ အားနည်းချက်တွေ၊ မိလ္လာကန်၊ septic tank တွေနဲ့ tube well တွေ အလွန်းနီးစပ်နေပြီး ထိတွေ့နေတာမျိုး၊ မြစ်၊ချောင်း၊အင်း၊အိုင်တွေကနေ အညစ်အကြေးပေါင်းစုံပါလာတာမျိုး၊ ထို အညစ်အကြေးတွေနဲ့ pollute ဖြစ်နေတဲ့ရေ source မျိုးတွေကိုသုံးမိတာမျိုးတွေကစဖြစ်တာပါ။


နောက်အရေးအကြီးဆုံးနဲ့ အပြောချင်ဆုံးကတော့ အစိုးရပေးရေ၊ တွင်းရေ၊ အစားအသောက်တွေ၊ စားသောက်ဆိုင်၊ အအေးဆိုင်တွေမှာရော E. coli တွေ ဘာလို့တွေ့နေရတာလဲ?


အဲ့ဒါက ပြဿနာအကြီးကြီးပါ။ စားသောက်ဆိုင်တွေက ရေခဲစက်တွေ၊ သုံးရေတွေ၊ ဖျော်ရည်ဖျော်တဲ့ရေတွေ မှာ E. Coli တွေ တွေ့ရပါတယ်။ ဟုတ်ပါတယ် မြန်မာနိုင်ငံမှာပါ။ ဘယ်လိုတွေလဲ၊ ဘယ်ဆိုင်တွေလဲကတော့ ထုတ်ဖော်မပြောလိုပါဘူး။ အသုံးပြုတဲ့ရေ source မကောင်းတာတစ်ကြောင်း၊ ကောင်းမွန်တဲ့ water disinfection and sanitation system တွေကို အသုံးမပြုတာတစ်ကြောင်း၊ အသုံးပြုသော်လည်း food preparation လုပ်တဲ့သူတွေက သန့်ရှင်းမှုကို အလေးမထားတာ၊ ဥပမာ ရေခဲ bin ကို ဖွင့်ထားတာမျိုး၊ လက်မဆေးဘဲ ရေခဲ bin ထဲ နှိုက်တာမျိုး၊ Kitchen design မှာတာမျိုး ဥပမာ အသားငါးတွေဆေးကြောတာနဲ့ ရေခဲ၊ရေ၊အစားအသောက်တွေကို နီးနီးစပ်စပ်ထားမိတာမျိုး၊ အများကြီးပါဘဲ၊ အဲ့ဒါတွေကနေ ရောက်လာတာပါ။ မိုးပေါ်ကကျလာတာမဟုတ်ပါဘူးဗျာ။ စည်ပင်ရေ၊တွင်းရေတွေမှာလဲ မိလ္လာ septic and waste ပိုက်လိုင်းတွေ ရောနှောနေပြီး ထိစပ်နေရာက re-contamination ဖြစ်တာတွေ များစွာတွေ့ရပါတယ်။


အဲ့တော့ ဘာတွေဆက်ဖြစ်မှာလဲ?


ဖြစ်ပါတယ်ဗျာ။ ခု ဒီဟာကိုရေးရတာလဲ ဖြစ်ကြလို့ပါ။ ကျွန်တော့ ပတ်ဝန်းကျင်မှာတင် E. coli (ESBL Type *Antibiotic Resistance Type) နဲ့ ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ အခြား Suspected E. Coli case တွေ ဖြစ်လာလို့ပါ။

ဝမ်းလျှော(သွေး)ပါမယ်၊ ဗိုက်အောင့်၊ဗိုက်နာဖြစ်မယ်၊ ဆီးလမ်းကြောင်းကို ရောက်ရင်တော့ ချမ်းတုန်ဖျားနာမယ်၊ ဆီးသွားရတာခက်ခဲမယ်၊ နာကျင်မယ်၊ မထိန်းနိုင်တာတွေဖြစ်မယ်၊ ပြင်းထန်တဲ့ case မျိုးတွေမှာ အသက် အန္တရာယ်ကို ထိခိုက်စေနိုင်သည်ထိများစွာဖြစ်နိုင်ပါတယ်။ လူနာတော်တော်ခံရပါတယ်။ Fecal-Oral ကူးစပ်နိုင်ပါတယ်။ Contaminated Food (ပိုးပါသောအစားအသောက်မှ), Contaminated Water (ညစ်ညမ်းသောရေမှ), Person to Person Contact (လူတစ်ဦးမှ တစ်ဦးသို့ လက်များမှ) ကူးစပ်နိုင်ပါတယ်။ ကူးစပ်မြန်ပါတယ်။

ဒီတိုင်းဆက်သွားနေရင်တော့ E. coli ကြောင့် ပြဿနာတွေဖြစ်တော့မှာပါ။ နိုင်ငံခြားလို E. coli ပါလို့ လျော်ကြေးဆို ဒီမှာ နည်းမှာမဟုတ်ဘူး လျော်ကြရမှာပါဗျ။ တွေ့ရတာများလာလို့ ရေးလိုက်ရပါတယ်။ အချို့ စည်ပင်ရေများမှာ Coliform - Fecal Coliform - E. coli ထိ တွေ့ရပါတယ်။ Post contamination တွေ မျိုးစုံ ဝင်နေတယ်လို့ ယူဆရပါတယ်။ အသုံးပြုရန် မသင့်တော့ပါဘူး။ အားလုံး ဂရုစိုက်နိုင်ကြပါစေ။


Dr. Sai Aung Thant Zin


ယခု အထက်ပါစာသားများ၊ဓာတ်ပုံများကို စီးပွားဖြစ် ပြန်လည်အသုံးပြုလိုပါက Mark Two Seven ထံ ခွင့်တောင်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။ လူတိုင်း အသိပညာနှင့် Ethic ရှိစေရန် ရည်ရွယ်၍....



Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page