top of page

နေပူထဲက ရေသန့်ဗူး ကိစ္စ

Writer's picture: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

ဒီ ပြဿနာက မြန်မာမှာတင်မဟုတ်ပါဘူး၊ ကမ္ဘာမှာလဲတော်တော် ဂယက်ထသွားစေတဲ့ ပြဿနာပါ။


ကျွန်တော်တို့တွေ့နေကျ ရေသန့်ဗူးတွေကို နေပူထဲမှာ ထားရင်ဘာဖြစ်တတ်လဲ?


ကျွန်တော်တို့ သောက်နေတဲ့ ရေသန့်ဗူးတော်တော်များများက HDPE or PET နဲ့လုပ်ထားတဲ့ plastic ဗူးတွေဖြစ်ပါတယ်။ Research တွေအရ အပူချိန် 20’C လောက်မှာဆိုရင်တော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ chemical တွေ ဗူး plastic ကနေ ရေထဲကို ပျော်ဝင်နိုင်မှု အချိန်အလွန်ကြာနိုင်ပြီး ကျန်းမာရေး အန္တရာယ် နည်းပါးတဲ့အတွက် safe ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပင်မဲ့ အဲ့ထက်ပိုပြီး အပူချိန်များတဲ့ အခြေအနေမျိုး ဥပမာ နေပူထဲ၊ နေပူထဲမှာ အချိန်အကြာကြီး ရပ်ထားတဲ့ ကားထဲ၊ အပူချိန်အရမ်းများတဲ့ အခန်း၊ ဂိုထောင် စတဲ့ နေရာမျိုးတွေမှာ အချိန်ကြာကြာထားမိပြီဆိုရင်တော့ အခြေအနေက တစ်မျိုးပြောင်းလဲသွားနိုင်ခြေရှိပါတယ်။ အပူချိန်များလာတာနဲ့ အမျှ plastic ဗူးခွံ ပေါ်က molecular bond တွေက ပြိုကွဲနိုင်ခြေ ပိုမိုများပြားလာပြီး မလိုလားအပ်တဲ့ chemical တွေက ဗူးထဲက အရည်ထဲကို ပျော်ဝင်နိုင်ဖို့ ရာခိုင်းနှုန်း ပိုပိုပြီးများလာနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို အပူချိန် 36-40’C လောက်ထိ များတဲ့ဒေသမျိုးတွေဆို အဲ့အချက်ကို တော်တော်လေးဂရုစိုက်ရမှာပါ။ နေပူထဲရပ်ထားတဲ့ ကားတွေ၊ လေဝင်လေထွက်နဲ့ temperature control မရှိတဲ့ container နဲ့ ဂိုထောင်တွေမှာဆို အပူချိန်က 50-60’C လောက်ထိကို ရောက်သွားတတ်ပါတယ်။ အဲ့လိုအခြေအနေတွေမှာဆိုရင်တော့ plastic ဗူးခွံပေါ်က chemical bond တွေက ပျက်ဆီးသွားနိုင်ပြီး ရေထဲကို chemical တွေပျော်ဝင်နှုန်း အရမ်းမြင့်မားလာနိုင်ပါတယ်။


နေပူထဲမှာ အကြားကြီးထားထားတဲ့ ရေနဲ့ သေသေချာချာ temperature control လုပ်ပြီး ထိန်းသိမ်းထားတဲ့ ရေနဲ့ သောက်ကြည့်ရင်တောင် အရသာပိုင်းမှာ အရမ်းသိသာပါတယ်။ အဲ့တော့ အဲ့လို chemical တွေ ပျော်ဝင်နေတဲ့ ရေကို သောက်မိရင်ဘာဖြစ်နိုင်လဲ?


၁ ဗူး ၂ ဗူးလောက်ကို တော်တော်ကြာကြာနေမှ တစ်ခါလောက် သောက်မိတယ်ဆိုရင်တော့ ကြီးကြီးမားမား လက်ငင်းပြဿနာ မဖြစ်နိုင်ပါဘူး။ ဒါပင်မဲ့ နေ့စဉ်သောက်နေပြီဆိုရင်တော့ chemical ပေါင်းများစွာရဲ့ side effect အနေနဲ့ ရင်သားကင်ဆာ ကစပြီး အခြား ကင်ဆာရောဂါများအပြင် မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါများဖြစ်နိုင်ခြေရှိတယ်လို့ ပြောထားတဲ့ research တွေလဲရှိနေပါတယ်။ Research paper တွေကတော့ အမျိုးမျိုးပါပဲ။ အချို့တွေမှာလဲ ကျန်းမာရေးထိခိုက်စေတယ်ဆိုတာ အရမ်းမသိသာဘူး၊ 100% မမှန်ဘူး လို့ပြောကြပင်မဲ့ နေပူထဲထားထားတဲ့ရေက အရသာ၊ အနံ့ သိသိသာသာပြောင်းနေတာကတော့ ငြင်းလို့မရတဲ့ အချက်ပါ။


အနှစ်ချုပ်ရမယ်ဆိုရင်တော့ ရေသန့်ဗူးမှ မဟုတ်ပါဘူး၊ အခြား plastic ဗူးသုံးတဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ ပိုပြီး စနစ်တကျလုပ်ဖို့ လိုအပ်ပါတယ်။ စားသုံးသူတွေဖက်ကလဲ ကိုယ်ကျန်းမာရေးအတွက် သိမ်းဆည်းထားသိုတဲ့နေရာတွေမှာ စနစ်တကျ အပူချိန်အလွန်မများတဲ့ အမိုးအကာအောက်နေရာမျိုးမှာ သိမ်းတာမျိုး၊ ကားပေါ်မှာ အကြာကြီးထားထားတဲ့ရေဗူးတွေကို မသောက်မိအောင် ဂရုစိုက်တာမျိုးလုပ်သင့်ပါတယ်။


Plastic ဗူးများက ထိန်းသိမ်းပုံ စနစ်မကျရင် ကျန်းမာရေးကို ထိခိုက်စေရုံတင်မကပဲ သဘာဝပတ်ဝန်းကျင်ကိုရော ဘယ်လိုပျက်ဆီးစေလဲဆိုတာကတော့ နောက် topic တစ်ခုအနေနဲ့ ပြောပြပေးသွားပါဦးမယ်။


Dr. Sai Aung Thant Zin



218 views0 comments

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page