top of page

စျေးကြီးတဲ့ Filter လား - စျေးသက်သာတဲ့ Filter လား?

Writer's picture: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

ဒေါ်လာ 400-500 လောက်ကစတဲ့ အထာကျကျ International Foodservice Grade Point of Use ရေသန့်စနစ် နဲ့ ဒေါ်လာ 100-150 တန် Economy Grade Point of Use ရေသန့် စနစ် ဘာတွေကွာလဲ? 


1. International Grade - International Certificate 


•International Foodservice Industry တွေမှာ အသုံးပြုတဲ့ စနစ်ဆိုတော့ NSF 42 / NSF 53 စတဲ့ စတဲ့ များစွာသော International Certificate တွေကို တွေ့ရမှာပါ။ Economy grade အချို့မှာလဲ တွေ့ရပင်မဲ့ ဒီမှာတော့ရှားပါတယ်။ 


2. Concealed Type - Reduce the Risk of Contamination 


•Foodservice grade filter အများစုက Concealed Type တွေပါ။ အလုံပိတ်၊ အထဲက filter ကို လုံးဝ လူနဲ့၊ ပတ်ဝန်းကျင်နဲ့ မထိတွေ့အောင်လုပ်ထားပါတယ်။ Filter ဖြုတ်လဲရင်လဲ Filter head ကနေ housing ရော၊ အထဲက filter ပါ အကုန် တစ်ခါတည်း ဖြုတ်လဲရတာပါ။ ဥပမာ မီးသီးလဲသလိုပါပဲ။ 

Economy grade တွေမှာတော့ Filter housing တွေက အရှင်တွေပါ။ Filter ကို ဖြုတ်လဲတော့မယ်ဆို Housing ကို ဖြုတ်၊ အထဲက Filter ကိုထုတ်၊ အသစ်ပြန်ထည့်၊ Housing ကို ပြန်ပတ်ရပါတယ်။ လဲတဲ့ သူလက်မသန့်တာတို့ Filter စနစ် ထားထားတဲ့ ပတ်ဝန်းကျင်က မသန့်တာတို့ဆို သွားပါပြီ။ Risk of Contamination ရောဂါကူးစပ်ပြန့်ပွားနိုင်ချေက Economy grade တွေမှာ ပိုများပါတယ်။ 


3. 1 Filter - Many Functions 


Foodservice grade filter တွေမှာ အတွေ့များတာကတော့ Filter တစ်ချောင်းထဲနဲ့ ပြဿနာ ၂ခု ၃ခု ကို ဖြေရှင်းနိုင်တာပါ။ Filter တစ်ခုထဲနဲ့ အနည်အမှုန်လဲ စစ်တယ်၊ ထုံးလဲလျော့တယ်၊ အရောင်၊အနံ့၊ အရသာလဲ ပြုပြင်ပေးတာမျိုးပါ။ တစ်ချောင်းထဲနဲ့ ကိစ္စတော်တော်များများ ရှင်းပါတယ်။ Economy grade တွေမှာ အနည်အမှုန် စစ်တဲ့ filter က အနည်အမှုန်ပဲစစ်ပါတယ်။ ထုံးလျော့တဲ့ filter ကလဲ ထုံးပဲလျော့ပါတယ်။ ပြဿနာ ၂ မျိုး ဆို filter ၂ မျိုး သုံးရပါတယ်။ (အများစု) 


4. Trusted by International Brands


Foodservice filter တွေက နိုင်ငံတကာမှာ နာမည်ကြီးအောင်မြင်နေတဲ့ Foodchain တွေ ဥပမာ- KFC, Starbucks, Burger King etc. စတဲ့ International foodchain ဆိုင်တွေရဲ့ SOP ထဲမှာ သုံးဖို့ ညွှန်ကြားထားပါတယ်။ အချို့က by name နဲ့ အချို့ကလဲ Filter နာမည်နဲ့သာ တိုက်ရိုက်မရေးရင်နေပါမယ်၊ ဘာ certified ဖြစ်ရမယ် ညာ certified ဖြစ်ရမယ်ကတော့ ရေးထားပြီးသားပါ (ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ် : ဒီမှာလာဖွင့်တဲ့ Foodchain တွေမှာ အဲ့ အချက် ကို လုံးဝ၊ လုံးဝကို ဂရုမစိုက်ကြတာပါ၊ တစ်ခုခုဆို ရေကို ပိုးစစ်ပြီး တရားဆွဲကြပါ ငိငိ 😝)

Economy Grade တွေကတော့ ဒီအဆင့်ထိကို တက်မလာပါဘူး။ အိမ်သုံးအဆင့်ပဲရှိပါတယ်။ ဒါပင်မဲ့ ဒီမှာတော့ စားသောက်ဆိုင်တွေမှာ Economy grade တွေကို တွင်တွင်ကျယ်ကျယ်သုံးနေကြလေရဲ့.....


5. All about the business 


•Foodservice filter တွေ အဆင့်မြင့်တာ၊ ကောင်းတာ မှန်ပင်မဲ့ နောက်ကွယ်မှာကတော့ ကျွန်တော်တို့ထင်တာထက်ကြီးမားတဲ့ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေ၊ အားပြိုင်မှုတွေ၊ အတုထုတ်လုပ်မှု ပြဿနာတွေ၊ စတဲ့ ပြဿနာများစွာရှိပါတယ်။ Foodservice filter ထုတ်တဲ့ Company က ကမ္ဘာမှာ လက်ချိုးရေလို့ရပါတယ်၊ စျေးကွက် အကုန်လုံးကို သူတို့ပဲ အုပ်ထားပြီး အသစ်ပေါ်ရင် နင်းချေပါတယ်၊ မရရင် အဲ့ company ကို ဝယ်ပြစ်ပါတယ်။ International chain တွေနဲ့ စာချုပ်တွေရအောင် လိုက်ချုပ်ပါတယ်။ စီးပွားရေးက ကောင်းမှန်း သိကြတော့ အတုစျေးကွက်ကလဲ ပေါ်လာပါတဲ့၊ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ စျေးကွက်ကြီးပါ။ Economy Grade တွေကတော့ ရှင်းပါတယ်။ အစထဲက ပေါချောင်ကောင်း၊ အတုလဲ ဒီ quality ပဲ၊ အစစ်လဲ ဒါပဲ၊ ကြိုက်တာဝယ်သုံးစျေးကွက်မျိုးပါ။ 


အဲ့တော့ အနှစ်ချုပ်ရရင် Foodservice grade က စျေးကြီးတဲ့ filter တွေ Econony grade က စျေးသက်သာတဲ့ filter တွေ၊ ဟောင့် စျေးသက်သာတာပဲ ရွေးလိုက်ကွာ အခြားကုန်ကျစရာတွေလဲ ရှိသေးတယ်၊ ရေပဲ ကြည်သွားရင်ရပါပြီဆိုတဲ့ အတွေးအခေါ်တွေရှိနေသေးသ၍............


Dr. Sai Aung Thant Zin


27 views0 comments

Recent Posts

See All

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page