top of page
  • Writer's pictureDr. Sai Aung Thant Zin

Water Profile Analysis of Oasis Water

Water Profile Review

Oasis Water Origin: Myanmar

Source: Well Water (Assumed/ယူဆသည်)

Balance (ပြေပြစ်မှု):Still Water (Gas မပါဝင်ပါ) - 1/5

Virginity (စင်ကြယ်မှု): No data (မသိရ) - 0/5

Minerality (သတ္တုဓာတ်ပါဝင်မှု): Very low (အလွန်နည်းသည်) - 1/5

Orientation (အရသာမျှတမှု): Neutral (ပုံမှန်မျှချေအနေအထား) - 2/5

Hardness (ရေစေးဓာတ်ပါဝင်မှု): Soft (ရေစေးဓာတ်အလွန်နည်းသည်/ရေသွက်ဖြစ်သည်) - 1/5

Vintage (သက်တန်းရင့်မှု): No data (မသိရ) - 0/5

* This water profile analysis is independently tested by WaterLab by Dr. Sai which is a custodian of this analysis data for any commercial & non-commercial usage *


Observer's Review


Oasis water brand was one of the most famous water bottle brands in Myanmar during early 2000's but they are now struggling to survive in the market during the later years. According to my independence studies, their source is located in Hlaing township which is within Yangon division. I'm not so sure about their type of water source but probably the source may be well water. (Most of Myanmar's water bottle brand use well water as their sources).


In terms of explaining the flavor profiles, I want to explain the flavors of water with 4 parts. Human tongue can sense the taste of sweetness, saltiness, sourness, bitterness and umami flavors. Umami flavor can be rarely found in water, so I will explain the taste of water depends on the rest 4 flavors. All of you can also be tested by yourselves.


In terms of sweetness, Oasis water has nearly no sweetness at all. There is no saltiness as well. The body of the water is very light, thin and airy. There is a slight sourness which can be sensed on the tip of your tongue and around the back edges of your tongue, also after drinking water, some sour aftertaste can be slightly sensed on the back of your tongue and your palate. Dryness can also be experienced within your whole mouth after drinking. 1. Slight sourness may be because of the following reasons; Oasis is a highly processed RO water with very less minerals (Nearly nothing at all). 2. Overly processed very low minerals water gives it's very light, flat and airy body. (There are many light body water brands which are harvested from 100% natural water sources)


In conclusion, Oasis water is in the category of "You can drink it but it's boring" because no distinct taste, very flat and light flavor/body and it is a highly processed RO water. If there is a good alternative for me, I will definitely not choose Oasis. In Burmese Language,

Oasis ရေသန့်

Oasis ရေသန့်က ကျွန်တော် ဖတ်ရှူလေ့လာရသလောက် ရေအရင်းအမြစ်က လှိုင်မြို့နယ်၊ ရန်ကုန် မှာရှိပါတယ်။ ရေထွက်အမျိုးအစားကို ဗူးပေါ်မှာဖော်ပြထားခြင်းတော့ မရှိပါဘူး။ Tube well water လို့တော့ ယူဆရပါတယ်။ (မသေချာပါ)။ အကြမ်းဖျင်းသိရသလောက်ကတော့ လှိုင်မြို့နယ်က ရန်ကုန်ပတ်ဝန်းကျင်မှာ မြေအောက်ရေ အရည်အသွေးအကောင်းအဆိုး ဒွန်တွဲနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ လှိုင်မြို့နယ် အချို့နေရာမှာ မြစ်ရေတိုးဝင်တဲ့အတွက် ဆားအငန်များဓာတ်များနဲ့ အခြားဓာတ်သတ္တုများ ပါနေတဲ့ case မျိုးလဲ တွေ့ဖူးပါတယ်။

ကျွန်တော့အနေနဲ့ ရေတစ်ခုရဲ့ အရသာ flavour profile ကို ပြောမယ်ဆိုရင် အပိုင်း ၄ ပိုင်းနဲ့ ခွဲပြောချင်ပါတယ်။ ကျွန်တော်တို့ လျှာက ခံစားနိုင်တဲ့ အရသာသဘောတရားရဲ့အခြေခံပေါ်မူတည်ပြီး 1. Sweetness (အချို) 2. Saltiness (အငန်) 3. Sourness (အချဉ်) 4. Bitterness (အခါး/အဖန်) ဆိုပြီး ၄ ပိုင်းခွဲနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့လျှာက Savoriness ဆိုတဲ့ Umami flavour (အချိုမှုန့်အရသာမျိုး) ကိုလဲ ခံစားနိုင်ပင်မဲ့ ရေတွေမှာ ထိုအရသာမျိုးတွေ့ရလေ့မရှိလို့ ထည့်မပြောတော့ပါဘူး။

အဲ့တော့ အခုပြောခဲ့တဲ့ အရသာ ၄ မျိုးပေါ်အခြေခံပြီး Oasis ရေကိုခံစားကြည့်ပါမယ်။ စာဖတ်သူတွေလဲ ကိုယ်တိုင်လိုက်ပြီး ခံစားကြည့်လို့ရပါတယ်။ Photo ထဲက Chart လေးတွေကိုလဲကြည့်နိုင်ပါတယ်။

1. Sweetness (အချို) - neutral (အချိုဓာတ်မခံစားရ) 2. Saltiness (အငန်) - Very light / Flat (အလွန်ပေါ့သည်) 3. Sourness (အချဉ်) - trace amount of sourness on first sip and also in after taste (စသောက်ချိန်ရော ၊ နောက်ဆုံးကျန်ခဲ့သည့် အရသာမှာပါ အချဉ်ဓာတ်ပါသည်ဆိုရုံအနေအထားခံစားရသည်) 4. Bitterness (အဖန်/အခါး) - No bitter (အရသာမခါးပါ) 5. Other (အခြား) - Dryness after drink (ရေသောက်ပြီးချိန်မှာတော့ ခံတွင်းနဲ့လျှာပေါ်မှာ ခြောက်သွေ့သွားပြီး ခံတွင်းအတွင်းသားမျက်နှာပြင်များ အနည်းငယ် ကြမ်းသွားသည့် ခံစားချက်ရရှိသည်)

အသေးစိတ်ဆိုရင်တော့

လျှာတစ်ခုလုံးမှာ ခံစားမှုအကောင်းဆုံးဖြစ်တဲ့နေရာတွေက လျှာထိပ်ပိုင်းနဲ့ ဘေးဖက်ခြမ်းတွေပါ။ ထိပ်ပိုင်းရေကိုစတင်ပြီး ထိမိတဲ့နေရာမှာ RO ရေအများစုမှာ တွေ့ရတတ်တဲ့ sourness ဆိုတဲ့ အချဉ်ဓာတ် ပါးပါးလေးကို စတင်ခံစားရပါတယ်။ ပြီးတော့ ဘေးဖက်ခြမ်းတွေနဲ့ ခံတွင်းတစ်ခုလုံး ရေတွေကို ထိတွေ့ချိန်မှာတော့ very (very) low mineral (TDS<10 ppm / ကျွန်တော် test လုပ်ချိန် Oasis ရဲ့ TDS က 4 ppm ဝန်းကျင်) ရေတွေမှာ တွေ့ရတတ်တဲ့ အလွန်ပေါ့သည့် flat, airy with very light body ပါးစပ်ထဲ ဘာမှ မဝင်လာသလိုခံစားချက်မျိုး၊ ရေရဲ့ထုထည် က အရမ်းပါးတဲ့ အနေအထားကို သတိထားမိပါတယ်။ အချိုဓာတ်ကတော့ လုံးဝကို မခံစားရပါဘူး။ နောက်ဆုံးမျိုချလိုက်ပြီးချိန်မှာတော့ လျှာအရင်းနဲ့ အာခေါင်ကိုပွတ်ကြည့်ပြီး aftertaste ကိုခံစားကြည့်တဲ့အခါမှာ trace amount of sourness (အချဉ်ဓာတ်ပါးပါး) က ခံတွင်းအနောက်ဖက် ပါးစောင်နှစ်ဖက်မှာ ရှိနေပြီး ရေသောက်ပြီးချိန်မှာတော့ ခံတွင်းနဲ့လျှာပေါ်မှာ ကြမ်းပြီးခြောက်သွေ့သွားတဲ့ dryness ခံစားချက်လေးရပါတယ်။ Dryness ကတော့ TDS သတ္တုဓာတ်အရမ်းနဲတဲ့ RO ရေမျိုးတွေမှာ အတွေ့များတတ်ပါတယ်။ ဘာလို့လဲဆိုတော့ RO ရေတွေမှာ ရံဖန်ရံခါ pH က ပုံမှန် neutral pH ထက်အနည်းငယ်ကျနေတတ်ပြီး buffer အဖြစ်လုပ်ဆောင်ပေးတဲ့ သတ္တုဓာတ်၊ alkalinity နဲ့ hardness တို့အလွန်နည်းတဲ့အတွက် ထိုရေဖြတ်သန်းသွားရာလမ်းတစ်လျှောက်မျက်နှာပြင်များပေါ်ကို corrosion ပွန်းစားသွားတဲ့ ဂုဏ်သတ္တိရှိလို့ပါ။ အသေးစိတ်ကို နောက် topic တစ်ခုနဲ့ရေးပေးပါမယ်။ Bitterness အခါးဓာတ်ကတော့ မခံစားမိပါဘူး။ ကျွန်တော် taste test လုပ်ကြည့်တဲ့ batch ကတော့ pH around 7 နဲ့ TDS around 3 ppm လောက်ပဲ ရှိပါတယ်။

ကျွန်တော့အမြင်ကတော့

1. Oasis ရေရဲ့ ပင်မ source က မှန်းလို့မရပါဘူး။ မြေအောက်ရေအပြောင်းအလဲဖြစ်မှာတော့ စိုးရမ်ရပါမယ်။ 2. Oasis လိုမျိုး သတ္တုဓာတ် အရမ်းနည်းတဲ့ RO ရေတွေကတော့ everyday drink နေ့စဉ်သောက်သုံးရန်မသင့်လို့ WHO က paper တစ်ခုမှာဖတ်ဖူးပါတယ်။ ဒါပင်မဲ့ အချို့ paper တွေမှာလဲ သန့်ရှင်း/ပိုးမွှားကင်းတဲ့ ရေဆို acceptable လုပ်သင့်ကြောင်း၊ သတ္တုဓာတ်အရမ်းနည်းလို့ လူကိုအကျိုးမပြုပင်မဲ့ သတ္တုဓာတ်ဆိုတာနေ့စဉ်အစားအသောက်များမှလဲ ရရှိတဲ့အကြောင်းနဲ့ ပြန်လည်ချေပထားတဲ့ စာတန်းအချို့လဲဖတ်ဖူးပါတယ်။ အဲ့အတွက် သောက်သုံးမှုမှာတော့ များများစားစားကောင်းတယ်၊ မကောင်းဘူး မပြောလိုပါဘူး။

3. အရသာပိုင်းမှာတော့ ကျွန်တော့အတွက် ဘာအရသာမှ မရှိတဲ့ အတွက် အရမ်း ရိုးရှင်းလွန်းနေပြီး သောက်ရတာ ပျင်းစရာကောင်းပါတယ်။ ဒီနေရာမှာ ပျင်းစရာကောင်းတယ်ဆိုတာ အရသာဘာမှမရှိလို့လားဆိုပြီးမေးခွန်းထုတ်စရာရှိပါတယ်။ တကယ်တော့ 100% natural water တွေထဲမှာလဲ အခု Osasis လို အရသာအရမ်းပေါ့ပြီး body အရမ်း flat ဖြစ်တဲ့ ရေတွေရှိပါတယ်။ ဒါပင်မဲ့ထိုသဘာဝရေတွေက သောက်ရတာပျင်းစရာမကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာပေးရရင် Iceland က ရေခဲတောင်ရေမျိုးဆို TDS 2-3 ppm လောက်ပဲရှိပြီး အရမ်း light ဖြစ်ပါတယ်။ ဒါပင်မဲ့ သူ့မှာ 100% natural ဖြစ်တယ်၊ ဒီရေတစ်မျိုးရလာဖို့ နှစ်ကို ထောင်ချီပြီး ဖြစ်ပေါ်လာရတယ်၊ စတဲ့ခိုင်မာတဲ့သမိုင်းကြောင်းတွေရှိတဲ့အတွက် ထိုရေမျိုးတွေက သောက်ရင် Epicurean pleasure ဆိုတဲ့ စားကောင်းသောက်ဖွယ်များကို ခံစားရရင်ဖြစ်တဲ့ ကျေနပ်စရာကောင်းတဲ့ စိတ်ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ထိုရေမျိုးတွေနဲ့ယှဉ်ရင် Oasis ကတော့ စက်ရုံမှာ highly process လုပ်ထားတဲ့ ရိုးရှင်းလွန်ပြီး စျေးသက်သာတဲ့ သာမန် RO ရေတစ်မျိုးပဲဖြစ်ပါတယ်။

4. ရေရဲ့ TDS, pH, Hardness, Alkalinity စတဲ့အနေအထားတွေကို ကိုယ်တိုင် စစ်ဆေးကြည့်တဲ့အရလဲ ရေကို sensitive ဖြစ်တဲ့ Coffee industry မျိုးမှာ အသုံးပြုဖို့ အဆင်မပြေတာတွေ့ရပါတယ်။ SCAA standard of water (SCAA - Specialty Coffee Association of America) စံနှုန်း ထဲမှာ ရှိမနေပါဘူး။ အခြား ရေအသုံးပြုရတဲ့ Ice Machines, Espresso Machines လို kitchen equipment တွေမှာလဲ သတ္တုဓာတ်အလွန်နည်းတဲ့အတွက် ပြဿနာတက်နိုင်ပါတယ်။

5. အချုပ်ပြောရရင်တော့ Oasis ရေက သတ္တုဓာတ်အရမ်းနည်းပြီး အရသာပိုင်းမှာလဲ ခံစားစရာမရှိပဲ ပျင်းစရာကောင်းနေပါတယ်။ ငယ်ငယ်က သူလောက်ပဲရှိခဲ့လို့ နာမည်ကြီးခဲ့ပင်မဲ့ နောက်ပိုင်းဆက်လက်ရပ်တည်ဖို့ research and development တွေလုပ်ဖို့လိုအပ်နေပါပြီ။


* This water profile analysis is independently tested by WaterLab by Dr. Sai which is a custodian of this analysis data for any commercial & non-commercial usage *


258 views0 comments

Recent Posts

See All
Post: Blog2_Post
bottom of page