top of page
  • Writer's pictureDr. Sai Aung Thant Zin

Water Profile Analysis of Alpine Water

Updated: Oct 15, 2020


Alpine Water Origin: Myanmar

Source: Well Water (Assumed/ယူဆသည်)

General Analysis

Balance (ပြေပြစ်မှု): Still Water (Gas မပါဝင်ပါ) - 1/5

Virginity (စင်ကြယ်မှု): No data (မသိရ) - 0/5

Minerality (သတ္တုဓာတ်ပါဝင်မှု): Low - 2/5

Orientation (အရသာမျှတမှု): A hint of sweet (အနည်းငယ်ချိုသည်) - 3/5

Hardness (ရေစေးဓာတ်ပါဝင်မှု): Slightly hard (ရေစေးဓာတ် အနည်းငယ်မျှပါဝင်သည်) - 2/5

Vintage (သက်တန်းရင့်မှု): No data (မသိရ) - 0/5

*This water profile analysis is independently tested by WaterLab by Dr. Sai which is a custodian of this analysis data for any commercial & non-commercial usage*


Observer's Review


Alpine water brand is one of the most famous water bottle brands in Myanmar. According to my independence studies, their source is located in Hmaw Bi township which is within Yangon division, well known for fantastic underground well water quality. I'm not so sure about their type of water source but probably the source may be well water. (Most of Myanmar's water bottle brand use well water as their sources). In terms of explaining the flavor profiles, I want to explain the flavors of water with 4 parts. Human tongue can sense the taste of sweetness, saltiness, sourness, bitterness and umami flavors. Umami flavor can be rarely found in water, so I will explain the taste of water depends on the rest 4 flavors. All of you can also be tested by yourselves. In terms of sweetness, Alpine water has a hint of sweetness on first sip which can be sensed mostly on a tip of your tongue. After that, the sense of saltiness, mostly from your sides and edges of your tongue, we experience this water is neither too salty/heavy nor too flat/light. There is no sourness which can also be sensed around the back edges of your tongue but after drinking water, somewhat bitter aftertaste can be sensed on the back of your tongue and your palate. Slipperiness can also be experienced within your whole mouth. 1. A hint of sweetness and bitter aftertaste may be coming from it's slightly high pH and slight mineral compositions. (pH ~7.8 / TDS ~70) 2. Slipperiness is also due to slightly high pH.


In conclusion, Alpine water is in the category of "Suitable for everyday usage and drink" but lack of distinct flavors. It is just your another ordinary water, not for your special occasion.






In Burmese Language Explanations


Alpine ရေသန့်က ကျွန်တော် ဖတ်ရှူလေ့လာရသလောက် ရေအရင်းအမြစ်က မှော်ဘီ၊ ရန်ကုန် မှာရှိပါတယ်။ ရေထွက်အမျိုးအစားကို ဗူးပေါ်မှာဖော်ပြထားခြင်းတော့ မရှိပါဘူး။ Tube well water လို့တော့ ယူဆရပါတယ်။ (မသေချာပါ)။ အကြမ်းဖျင်းသိရသလောက်ကတော့ မှော်ဘီဆိုတာ ရန်ကုန်ပတ်ဝန်းကျင်မှာ မြေအောက်ရေ အရည်အသွေးအတော်လေးကောင်းမွန်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ ရေတစ်ခုရဲ့ အရသာ flavour profile ကို ပြောမယ်ဆိုရင် အပိုင်း ၄ ပိုင်းနဲ့ ခွဲပြောချင်ပါတယ်။ ကျွန်တော်တို့ လျှာက ခံစားနိုင်တဲ့ အရသာသဘောတရားရဲ့အခြေခံပေါ်မူတည်ပြီး 1. Sweetness (အချို) 2. Saltiness (အငန်) 3. Sourness (အချဉ်) 4. Bitterness (အခါး/အဖန်) ဆိုပြီး ၄ ပိုင်းခွဲနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့လျှာက Savoriness ဆိုတဲ့ Umami flavour (အချိုမှုန့်အရသာမျိုး) ကိုလဲ ခံစားနိုင်ပင်မဲ့ ရေတွေမှာ ထိုအရသာမျိုးတွေ့ရလေ့မရှိလို့ ထည့်မပြောတော့ပါဘူး။

အဲ့တော့ အခုပြောခဲ့တဲ့ အရသာ ၄ မျိုးပေါ်အခြေခံပြီး Alpine ရေကိုခံစားကြည့်ပါမယ်။ စာဖတ်သူတွေလဲ ကိုယ်တိုင်လိုက်ပြီး ခံစားကြည့်လို့ရပါတယ်။ Photo ထဲက Chart လေးတွေကိုလဲကြည့်နိုင်ပါတယ်။

1. Sweetness (အချို) - a hint of sweet (အနည်းငယ်ချို) 2. Saltiness (အငန်) - Neither heavy nor light (မလေး/မငန်လွန်း၊ မပေါ့လွန်း) 3. Sourness (အချဉ်) - No sourness (လုံးဝမချဉ်) 4. Bitterness (အဖန်/အခါး) - Somewhat bitter in aftertaste (နောက်ဆုံးကျန်ခဲ့တဲ့ အရသာမှာ အနည်းငယ်ဖန်/ခါး) 5. Other (အခြား) - Slippery after drink (ရေသောက်ပြီးချိန်မှာတော့ ခံတွင်းနဲ့လျှာပေါ်မှာ အနည်းငယ်ချွဲ / ခံတွင်းမကြမ်းသွား)

အသေးစိတ်ဆိုရင်တော့

လျှာတစ်ခုလုံးမှာ ခံစားမှုအကောင်းဆုံးဖြစ်တဲ့နေရာတွေက လျှာထိပ်ပိုင်းနဲ့ ဘေးဖက်ခြမ်းတွေပါ။ ထိပ်ပိုင်းရေကိုစတင်ပြီး ထိမိတဲ့နေရာမှာ pH အနည်းငယ်မြင့်တဲ့ရေတွေမှာ တွေ့ရတတ်တဲ့ a hint of sweet ဆိုတဲ့ အချိုဓာတ်ပါးပါးလေးကို စတင်ခံစားရပါတယ်။ ပြီးတော့ ဘေးဖက်ခြမ်းတွေနဲ့ ခံတွင်းတစ်ခုလုံး ရေတွေကို ထိတွေ့ချိန်မှာတော့ low mineral (TDS 50-250ppm ကြား) ရေတွေမှာ တွေ့ရတတ်တဲ့ မငန်လွန်း၊ မပေါ့လွန်းတဲ့ အနေအထားကို သတိထားမိပါတယ်။ အချဉ်ဓာတ်ကတော့ လုံးဝကို မခံစားရပါဘူး။ နောက်ဆုံးမျိုချလိုက်ပြီးချိန်မှာတော့ လျှာအရင်းနဲ့ အာခေါင်ကိုပွတ်ကြည့်ပြီး aftertaste ကိုခံစားကြည့်တဲ့အခါမှာ somewhat bitter (အခါးဓာတ်နည်းနည်း) ရှိနေပြီး ရေသောက်ပြီးချိန်မှာတော့ ခံတွင်းနဲ့လျှာပေါ်မှာ အနည်းငယ်ချွဲတဲ့ slippery ဖြစ်တဲ့ ခံစားချက်လေးရပါတယ်။ အဲ့ဒါကတော့ pH နှင့် TDS အနည်းငယ်များတာကြောင့်လို့ ယူဆရပါတယ်။ ကျွန်တော် taste test လုပ်ကြည့်တဲ့ batch ကတော့ pH 7.8 နဲ့ TDS around 70 ppm လောက် ရှိပါတယ်။

ကျွန်တော့အမြင်ကတော့ 1. Alpine ရေရဲ့ ပင်မ source က အတော်လေးကောင်းတယ်လို့ယူဆရပါတယ်။ (မပျက်ဆီးအောင်ထိန်းသိမ်းဖို့တော့လိုပါမယ်) 2. Alpine လိုမျိုး သတ္တုဓာတ် အနည်းငယ်ပါပြီး pH အနည်းငယ် မြင့်တဲ့ ရေမျိုးတွေကတော့ everyday drink/ can be used in every purpose နေ့စဉ်သောက်ဖို့ အဆင်ပြေတဲ့ရေမျိုးဖြစ်ပြီး အစားအသောက်အဖျော်ယာမကာ တော်တော်များများနဲ့လဲ ယေဘုယျအားဖြင့် အဆင်ပြေနိုင်တဲ့ ရေမျိုးဖြစ်ပါတယ်။ 3. ရေရဲ့ TDS, pH, Hardness, Alkalinity စတဲ့အနေအထားတွေကို ကိုယ်တိုင် စစ်ဆေးကြည့်တဲ့အရ Coffee ဖျော်တာမျိုးအတွက်သုံးမဲ့ရေအဖြစ်ဆိုရင်လဲ SCAA standard of water (SCAA - Specialty Coffee Association of America) စံနှုန်း ထဲမှာ ရှိနေတဲ့အတွက် အဆင်ပြေနေပါတယ်။ 4. ကျွန်တော့တစ်ဦးတည်းအမြင် သိပ်မကြိုက်တဲ့ အချက်ကိုပြောပါဆိုရင်တော့ သောက်ပြီးနောက်ဆုံးကျန်ခဲ့တဲ့ aftertaste အရသာပါ။ အခါး/အဖန်ဓာတ်လေးက ကျွန်တော့အတွက် အတော်လေးသိသာပါတယ်။ ရေသောက်ပြီး ကျေနပ်သွားတဲ့ ခံစားချက်မျိုးသိပ်မရသလိုဖြစ်နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရသာခံစားရမှုတော့ ကွဲနိုင်ပါတယ်။ 5. အချုပ်ပြောရရင်တော့ Alpine ရေက သတ္တုဓာတ်လဲ အနည်းငယ်ပါတယ်၊ အရသာပိုင်းလဲ အဆင်ပြေပြီး နေ့စဉ်အသုံးပြု/သောက်သုံးနိုင်တဲ့ ရေတစ်မျိုးလို့မြင်ပါတယ်။


719 views0 comments

Recent Posts

See All
Post: Blog2_Post
bottom of page