top of page

ရေဆိုတာဘာလဲ?

  • Writer: Dr. Sai Aung Thant Zin
    Dr. Sai Aung Thant Zin
  • Jul 16, 2020
  • 1 min read

Updated: Jul 17, 2020


ရေဆိုတာကတော့ ကျွန်တော်တို့ ဓာတုဗေဒ အခေါ်အရ H2O - Hydrogen Atom ၂ ခု နဲ့ Oxygen Atom 1 ခု ပါဝင်တဲ့ molecule တစ်ခုဘဲဖြစ်ပါတယ်။

ရေဆိုတာ အရောင်၊အနံ့၊အရသာမရှိတဲ့ အရည်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ 71% ကို ရေနဲ့ ဖုံးအုပ်ထားပါတယ်။ထို ရေများထဲမှ 98% မှာ ပင်လယ်ရေငန်များဖြစ်ပြီး 3% သာရေချိုဖြစ်ပါတယ်။ ထို 3% ထဲမှ 2% မှာလဲ ရေခဲပြင်များ၊နှင်းများ အဖြစ်ရှိနေပြီး ကျန် 1% သာ ကျွန်တော်တို့ လူသားများ အတွက် အသုံးပြုနိုင်သော ရေချိုဖြစ်ပါတယ်။

ရေကို မြစ်၊ချောင်း၊အင်း၊အိုင်များ၊ ပင်လယ်၊သမုဒ္ဒရာများ၊ မိုးရေများ၊ နှင်းစက်များ နှင့် မြေအောက်ရှိ ရေအောင်းလွှာများ တွင် အရည်ပုံစုံဖြင့် တွေ့ရှိနိုင်ပါသည်။ ပတ်ဝန်းကျင်လေထုနှင့် တိမ်တိုက်များ အတွင်းတွင်မူ ရေငွေ့ပုံစံဖြင့်တည်ရှိပြီး ရေခဲတောင်များ၊ရေခဲပြင်များတွင်မူ အခဲပုံစံဖြစ်တည်ရှိနေကြပါသည်။

ကျွန်တော်တို့ လူသားများ၊ တိရစ္ဆာန်များ၊ အပင်များ အားလုံး၏ ဖြစ်တည်မှုတွင်လဲ ရေပါဝင်သည့် အပြင် ရေကို ဗူး၊ပုလင်းများထဲတွင် သောက်ရေအဖြစ် ထည့်သွင်းရောင်းချကြသလို၊ အမျိုးမျိုးသော စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ၊စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြား စက်မှုလက်မှုလုပ်ငန်းမျိုးစုံတွင်လဲ ရေကို ပုံစံအမျိုးမျိုး အသုံးပြုကြပါတယ်။

သို့သော် ကျွန်တော်တို့ ပတ်ဝန်းကျင်တွေ တွေ့ရှိနေရသော၊ သောက်သုံးနေသော ရေများမှာ ကျွန်တော်တို့ သိသော Hydrogen နှင့် Oxygen ပေါင်းထားသော H2O ဆိုသည်ထက် ပိုသည်ကို သင်သိပါသလား။

ရေထဲတွင် အမျိုးအစားပေါင်း များစွာသော ဓာတ်ပစ္စည်းများ၊ သတ္တုဓာတ်များ၊ ဆားများ၊ အနည်အမှုန်များ၊ ပိုးမွှားများ ပါဝင်နေတတ်ပါတယ်။

ထိုသို့ပါဝင်နေသော ဓာတ်သတ္တုပစ္စည်းများအနည်း အများပေါ်မူတည်ပြီး ရေကို လဲ အမျိုးအစား အမျိုးမျိုးခွဲခြားနိုင်ပါတယ်။

အမျိုးမျိုးသော ရေအခေါ်အဝေါ်များထဲမှ ကျွန်တော်တို့ လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ pH အကြောင်းကိုတော့ နောက်တစ်ပိုင်းကြရင် ဆက်ပြောပြပါမယ်နော်။


Dr. Sai Aung Thant Zin


References :

https://water.usgs.gov/edu/earthhowmuch.html




Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page