top of page
  • Writer's pictureDr. Sai Aung Thant Zin

Point of Entry ( POE ) vs Point of Use ( POU )

Point of Entry (POE) နှင့် Point of Use (POU) စနစ်များဟာ အိမ်သုံး၊ ရုံးသုံး၊ စားသောက်ဆိုင်သုံး စသည့် အဆောက်အအုံ တစ်ခုလုံး အသုံးပြုသည့် ရေသန့်စင်မှု စနစ်များ design ရေးဆွဲသည့် အချိန်မှာ ထည့်သွင်းစဉ်းစားရတဲ့ design ပုံစံများဖြစ်ပါတယ်။ 


POE နဲ့ POU ဘာတွေကွာခြားလဲ။


POE 


POE စနစ်မှာတော့ အိမ်တစ်အိမ်၊ အဆောက်အအုံ တစ်ခုအတွက် ပင်မရေအဝင် main ပိုက်လိုင်း ၊ main source of water ကို တစ်အိမ်လုံးရှိ ပိုက်လိုင်း အသေးများထဲသို့ မဖြန့်ဝေခင် ထဲက ကြိုတင် ခံပြီး ရေသန့်စင်မှုလုပ်တဲ့ design ဖြစ်ပါတယ်။ ဥပမာ ပြောရရင်တော့ အဆောက် အအုံ တစ်ခုရှိ Underground  or Ground Tank ထဲမှရေကို Overhead Tank ပေါ်မတင်ခင်ကြားထဲမှာ Treatment လုပ်ပြီး သန့်စင်ခြင်းဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ သံဓာတ်များ၊ ထုံးဓာတ်များ၊ အရောင်၊ အနံ့၊ အရသာ၊ အနည်အမှုန်များ ပါဝင်နေတဲ့ ရေမျိုးတွေကို သုံးရေအဆင့်ထိ ရရှိအောင် ပမာဏများများကို တစ်ခါတည်း သန့်စင်ပေးနိုင်တဲ့ အတွက် ကမ္ဘာပေါ်မှာ လူသုံးများတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ 

အဓိကအားဖြင့် အသုံးပြုတဲ့ ပစ္စည်းတွေကတော့ FRP Vessels တွေ၊ Media အမျိုးမျိုး၊ Chemical များ နဲ့ Micron Filtration System များဖြစ်ကြပါတယ်။ 


POE ရဲ့ အားသာချက်များ


POE စနစ်ရဲ့ ကောင်းတဲ့ အချက်တွေကတော့ 

၁။ ကျွန်တော်တို့ မြန်မာနိ်ုင်ငံလို ရေ quality သိပ်မကောင်းတဲ့ ဒေသတွေမှာ အဆင်ပြေ၊ လွယ်ကူ၊ ထိရောက် တဲ့ စနစ်တစ်ခု ဖြစ်ခြင်း၊

၂။ ရေ ပမာဏ များများ ကို သန့်စင်နိုင်ခြင်း၊

၃။ စနစ်တကျ ရေးသားထားတဲ့ စက်ထိန်းသိမ်းမှု လမ်းညွှန်၊ instruction manual အတိုင်း ကိုင်တွယ်မယ်ဆိုရင် ထိန်းသိမ်းရလွယ်ကူပြီး ရေရှည် အသုံးပြုနိုင်ခြင်း၊ စသည်တို့ဖြစ်ပါတယ်။ 


POE ရဲ့အားနည်းချက်များ


POE စနစ်ရဲ့ အဓိကအားနည်းချက်များကတော့ 

၁။ အဝင်ရေ quality ပေါ်မူတည်ပြီး ကနဦး ကုန်ကျစရိတ် များပြားနိုင်ခြင်း၊

၂။ စက်ကို ပုံမှန်ထိန်းသိမ်းမှု မပြုလုပ်ပါက ရေ quality နှင့် ထွက်အားကျဆင်းလာပြီး စက်ပျက်ဆီးတတ်ခြင်း၊

၃။ POE စနစ်ကို တပ်ဆင်သည့် service provider ၏ design၊ calculation နှင့် installation များ စနစ်ကျမှန်ကန်မှု ရှိရန် အလွန်အရေးကြီးခြင်း၊

၄။ စက်ထားရန် အမိုးအကာနှင့် နေရာအသင့်အတင့် လိုအပ်ခြင်း၊ စသည်တို့ဖြစ်ပါတယ်။ 


POU 


POU စနစ်တွေကတော့ နေအိမ်များ၊ စားသောက်ဆိုင်များ၊ ရုံးများမှာ ဘေစင်(သို့)ရေအထွက် ပိုက်နေရာရောက်မှ water treatment system များ တပ်ဆင် အသုံးပြုသော စနစ်များဖြစ်ပါတယ်။ 

အဓိကအားဖြင့်တော့ ရေကို အသေးစ်ိတ် ပြန်လည်ပြုပြင်ပေးခြင်း၊ ပိုးသတ်ပေးခြင်း စတဲ့ လုပ်ငန်းများကို လုပ်ဆောင်ပေးတာပါ။ အများအားဖြင့်တော့ စျေးကွက်မှာ မြင်ဖူးနေတဲ့ Reverse Osmosis စက်များ၊ Ultrafiltration UF စက်များ၊ Micronfiltration MF စက်များ၊ Carbon Filter များ၊ Food and Beverage Speciality Filter များ၊ ပိုးသတ် UV စနစ်များ ကို POU စနစ်မှာ အသုံးများပါတယ်။


POU ရဲ့ အားသာချက်များ


POU စနစ်ရဲ့ အားသာချက်တွေကတော့ 


၁။ အသေးစိတ်လိုအပ်တဲ့ quality ကို ချိန်ညှိနိုင်ခြင်း၊ 

၂။ နေရာလိုအပ်ချက် နည်းပါခြင်း၊

၃။ ထိန်သိမ်းရန်လွယ်ကူခြင်း၊

၄။ အထူးပြုလုပ်ထားသော ရေသန့် filtration system များကို အသုံးပြုခြင်းဖြင့် ရေကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ စသည်တို့ဖြစ်ပါတယ်။ 


POU စနစ်ရဲ့ အားနည်းချက်များကတော့ 


၁။ အဝင်ရေ quality အလွန်အရေးကြီးခြင်း၊ အဝင်ရေ quality မကောင်းပါက အဆင်မပြေမှုများစွာကြုံတွေ့ရပြီး filter များ ခဏခဏ ပိတ်ခြင်း၊

၂။ အသုံးပြုမိ အနေအထား point of application နှင့် အသုံးပြုသည့် ရေသန့်စနစ် ကိုက်ညီမှုရှိရန်လိုအပ်ခြင်း၊ (ဥပမာ- RO ရေနှင့် ကော်ဖီဖျော်မိခြင်း - ကော်ဖီဖျော်ခြင်း၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ခြင်းတွင် ရေထဲရှိ သတ္တုဓာတ်များ သည် အရောင်၊ အနံ့၊ အရသာပြည့်စုံဖို့ အလွန်အရေးကြီးတဲ့ အတွက် သတ္တုဓာတ်မပါသလောက်နည်းနေသော pure RO water ဖြင့် ပြင်ဆင်ပြုလုပ်ခြင်းသည် မှားယွင်းသည်ဟု ပြောပြချင်ပါတယ်)

၃။ Filter များ၊ ပိုးသတ်မီးချောင်း UV lamp များ နှင့် အခြား Accessories များကို periodic cleaning ပြုလုပ်ရန်လိုအပ်ခြင်း၊ ပုံမှန် သတ်မှတ်ထားတဲ့ အတိုင်း အသစ်လဲလှယ်ရန်လိုအပ်ခြင်း၊

၄။ ရေသန့်စနစ်ကို တပ်ဆင်ပေးသည့် service provider ၏ ကျွမ်းကျင်မှုလိုအပ်ခြင်း၊ consultancy skills၊ သေချာရှင်းလင်းပြသမှု အားနည်းခြင်း စသည်တို့ ဖြစ်ပါတယ်ခင်ဗျာ။ 


ထို့ကြောင့် အတိုချုပ်ပြန်ပြောရမယ်ဆိုရင်တော့ incoming raw water quality ပေါ်မူတည်ပြီး POE or POU စနစ်များကို လိုအပ်သလို ရွေးချယ်အသုံးပြုကြရပါတယ်။ POU စနစ်များကို POE နေရာမှာ ဝင်ပြီး အသုံးပြုလို့ အဆင်မပြေဖြစ်တာတွေကိုလဲ ခဏခဏ တွေ့နေရပါတယ်။ 

ထို့ကြောင့် ပြီးပြည့်စုံတဲ့ ရေသန့်စနစ်တစ်ခုရဖို့ အတွက်ကတော့ POE-POU စနစ်များကို လိုအပ်သလို ချိန်ညှိ အသုံးပြုရပါမယ်။ ကျွမ်းကျင်တဲ့ water treatment specialist နဲ့ တိုင်ပင်ရပါမယ်။ 

Water Treatment ဟာ လူအများစုထင်ကြသလို မလွယ်ကူပါဘူးခင်ဗျာ။ 

ရေနဲ့ပတ်သတ်တဲ့ ဗဟုသုတများကိုလဲ အဆက်မပြတ်ရေးသားတင်ပြသွားပါဦးမယ်ခင်ဗျာ။ 


Dr. Sai Aung Thant Zin




23 views0 comments

Recent Posts

See All
Post: Blog2_Post
bottom of page