top of page

pH 7 ရှိမှ ရေက သန့်တာလား?

  • Writer: Dr. Sai Aung Thant Zin
    Dr. Sai Aung Thant Zin
  • Jul 16, 2020
  • 1 min read

Updated: Jul 17, 2020

အမျိုးမျိုးသော ရေအခေါ်အဝေါ်များထဲမှ ယခု ပထမဦးဆုံး ပြောပြချင်တာကတော့ ကျွန်တော်တို့ လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ / လူတိုင်းလဲ လွဲမှားပြီး ကောက်ချက်ချနေတဲ့ ရေတစ်ခုရဲ့ pH ပါ။


pH ဆိုတာဘာလဲ?


ကျွန်တော်တို့ အကွာအဝေး အနီးအဝေးကို မိုင်/ကီလိုမီတာ နဲ့တိုင်းတာသလို၊ အလေးချိန် ပေါ့ခြင်းလေးခြင်း ကို ပေါင်/ကီလိုဂရမ် နဲ့တိုင်းတာသလို၊

ရေတစ်ခွက် ၏ ချဉ်ခြင်း၊ဖန်ခြင်း (acidic/basic properties) ကို pH နဲ့ တိုင်းတာပါတယ်။

ဒီထက်ပိုပြီး အတိအကျပြောရမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ ရေ တစ်ခုထဲတွင် ပျော်ဝင်/တည်ရှိနေသော Hydrogen Ion (H+) ပမာဏကို တိုင်းတာခြင်းဖြစ်ပါတယ်။

pH ကို 0 မှ 14 ထိ နံပါတ်များဖြင့်တိုင်းတာကြပါတယ်။

Hydrogen Ion (H+) များ ရင် ရေက ပို ချဉ်/ acidic ပိုဖြစ်ပြီး pH နံပါတ် ၇ ထက် နည်းပါတယ်။

Hydrogen Ion (H+) နည်းရင်တော့ ရေက ပိုဖန်/basic ပိုဖြစ်ပြီး pH နံပါတ် ၇ ထက် များပါတယ်။

နံပါတ် 0-14 ရှိတဲ့ အတွက် အလယ်ကျသော နံပါတ် 7 ကတော့ Netural မျှခြေရှိနေသော pH ဖြစ်ပါတယ်။

သောက်ရေသန့်သည် pH 7 ပတ်ဝန်းကျင်တွင်ရှိပြီး၊ မုန့်ဖုတ်ဆိုဒါသည် pH 9.5 နှင့် သံပုရာရည်သည် pH 2 လောက်ရှိပါတယ်ခင်ဗျာ။


pH 7 ရှိမှ ရေက သန့်တာလား?


ရေသန့်ခြင်းမသန့်ခြင်းကို pH တစ်ခုထဲနှင့် လုံးဝတိုင်းတာလို့ မရပါဘူး ခင်ဗျာ။ pH ဆိုတာ အထက်မှာ ဖော်ပြထားတဲ့ အတိုင်း ရေတစ်ခု၏ acidic နှင့် basic properties ကိုတိုင်းတာတဲ့ unit တစ်ခုပါ။ ရေသန့်မသန့်ကတော့ အခြား အနည်အမှုန်၊သတ္တုဓာတ်၊ပျော်ဝင်ပစ္စည်းများပါဝင်မှု၊ ပိုးမွှားပါဝင်မှု စသည်စသည် တို့ကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ သို့သော် pH အလွန်နည်းသော (သို့) အလွန်များသော ရေကိုသောက်သုံးရင်တော့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ကမ္ဘာကျန်းမာရေး ကုလသမဂ အဖွဲ့ WHO ကတော့ သောက်သုံးရေကို pH 6.5 မှ 8.5 ကြားရှိသင့်တယ်လို့ သတ်မှတ်ထားပါတယ်။


pH သည် အရေးကြီးပါသလား?


အရေးကြီးပါတယ်။

ရေသန့်စင်ခြင်းလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စားသောက်ကုန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းခြင်းဆိုင်ရာ လုပ်ငန်များ စသည့်စသည့် လုပ်ငန်းများစွာတို့တွင် အရေးကြီးသော နေရာက ပါဝင်နေပါတယ်။ ထိုရေ အသုံးပြုရသော လုပ်ငန်းများတွင် pH ပြောင်းလဲမှုများသိသိသာသာ ဖြစ်ပေါ်လျှင် လုပ်ငန်းစဉ်များ နှင့် ထုတ်ကုန်များ၊အစားအသောက်များ တွင် ကြီးမားသော အရည်အသွေးနှင့် အရသာပြောင်းလဲမှု စတဲ့ ပြဿနာများစွာဖြစ်ပေါ်နိုင်သည်အထိ အရေးကြီးပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ pH အကြောင်းကဒီလောက်ဆို အကြမ်းဖျင်း သဘောပေါက်ကြမယ်လို့ ထင်ပါတယ်နော်။

နောက်တစ်ခါကျရင်တော့ ကျွန်တော်တို့ လူတွေ နဲ့ သိပ်မရင်းနှီးတဲ့ ရေထဲမှာ ပျော်ဝင်နေတဲ့ ပစ္စည်းများပမာဏကို တိုင်းတာတဲ့ TDS အကြောင်းပြောပြပေးပါမယ်။


Dr. Sai Aung Thant Zin




2 commentaires


Dr. Sai Aung Thant Zin
Dr. Sai Aung Thant Zin
21 juil. 2020

အသုံးပြုမဲ့ နေရာပေါ်မူတည်ပါတယ်။ အကြမ်းဖျင်းအရဆိုရင်တော့ TDS 30-50 ppm လောက်မဆိုးပါဘူးဗျ။

J'aime

tunkhun174
21 juil. 2020

TDS ၃၀/၄၀/၅၀ဆို သုံးလို့ရော အဆင်ပြေလာမသိဘူးဆရာ

J'aime
Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page