top of page

Carb Rinsing ဆိုတာဘာလဲ။

  • Writer: Dr. Sai Aung Thant Zin
    Dr. Sai Aung Thant Zin
  • Oct 3, 2020
  • 1 min read

သတိထားမိကြပါလိမ့်မယ်။ အားကစားသမားတွေ၊ အထူးသဖြင့် ဘော်လုံးသမားတွေ ကွင်းထဲမှာ sport drinks တွေကို မသောက်ပဲ ထွေးထွေးထုတ်နေကြတာ။ မသိရင်တော့ အာချောက်လို့ ထွေးထုတ်တယ်ပဲထင်တာ။ အမှန်တကယ်တော့ အာချောက်တာအပြင် နောက်ကွယ်မှာ စိတ်ဝင်စားစရာ သိပ္ပံနည်းကျတဲ့ ဆက်သွယ်မှုတစ်ခုရှိနေပါတယ်။


Carbohydrate ပါတဲ့ Sport Drinks တွေက သောက်တဲ့သူ ပါးစပ်ထဲရောက်တာနဲ့ ခံတွင်းထဲမှာရှိတဲ့ Carbohydrate ကို sense လုပ်တဲ့ receptor တွေကတဆင့် ဦးနှောက်ကို သတင်းလှမ်းပေးပါတယ်တဲ့။ အဲ့ချိန်မှာ ဦးနှောက်ရဲ့ reward center က ကိုယ်ခန္ဓာပင်ပန်းနေတဲ့ချိန်မှာ လိုအပ်နေတဲ့ Energy / Carbohydrate ဝင်လာပြီလို့ ထင်ပြီး Mind/ Body တစ်ခုလုံးကို alart ဖြစ်အောင်၊ muscle တွေကို ပိုလှုပ်ရှားနိုင်အောင် လှုံ့ဆော်ပါတော့တယ်။ အဲ့လို အခြေအနေ တစ်ခုရအောင် လုပ်ယူတဲ့ procedure ကို Carb Rinsing လို့ခေါ်ပါတယ်။


Sport Drinks တွေကိုသောက်လိုက်လို့ရတာပဲ ဘာလို့ Carb Rinsing လုပ်တာလဲ?


ဒီလိုပါ။ Carbohydrate drinks တွေကို မသောက်ပဲ ပလုပ်ပဲ ကျင်းထုတ်လိုက်တဲ့အခါ သောက်လိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ မဖြစ်တော့ပါဘူး။ ဥပမာ - ဗိုက်ထဲမှာ ရေတွေပြည့်ပြီး ဗိုက်ကယ်တာမျိုး၊ အန်ချင်တာမျိုးပေါ့။ ဒါအပြင် သောက်လိုက်ရင် ရတဲ့ ကောင်းကျိုးနဲ့ ဆင်တူတဲ့ အကျိုးကိုလဲရပါတယ်။ အပေါ်ကပြောထားတဲ့ အချက်တွေလိုပေါ့။ Body ကို Energy ဝင်လာပြီဆိုပြီး trick လုပ်တာပေါ့။ အဲ့ဒါအပြင် နောက်ပိုင်း လေ့လာမှုတွေမှာ concentration ပိုကောင်းစေတယ်၊ တီထွင်ကြံဖန်နိုင်စွမ်းတွေပါ တိုးစေတယ်၊ အမောပိုခံနိုင်တယ်၊ ကြွက်တက်တာတွေကိုပါ လျော့စေတယ် ဆိုပြီး ပြောလာကြပါတယ်။ အဲ့ဒါမို့ World Cup Knock-Out Round တွေမှာ အချိန်ပိုတွေ၊ Penalty တွေထိရောက်ရင် အဲ့က အားကစားနည်းပြတွေက ကစားသမားတွေကို ပလုပ်တွေ အသေကျင်းခိုင်းကြတာ သေချာကြည့်ရင် တွေ့ပါလိမ့်မယ်။

21 ရာစုနောက်ပိုင်း ပြောင်းလဲလာတဲ့ အားကစား အထောက်အကူပြုတဲ့ စနစ်တွေထဲမှာ Carb Rinsing ကလဲလူသိပိုပိုပြီးများလာပါပြီ။

ရိုးရိုးရေနဲ့တော့မရဘူးလို့ထင်ပါတယ်။

ဒါကတော့ Carb Rinsing အကြောင်း ဖတ်ဖူးသလောက် ပြန် share တာပါ။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Dr. Sai Aung Thant Zin



Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page