top of page
  • Writer's pictureDr. Sai Aung Thant Zin

“ဂျင်းကိုလာဘီယာ အိမ်မှာ ကိုယ်တိုင် ချက်သောက်ကြမယ်”

Ginger Cola Beer ကို အိမ်မှာ အလွယ်တကူပဲ ချက်လို့ရပါတယ်။ စလုပ်မယ်ဆိုရင်တော့ အရင်ဦးဆုံး process တစ်ခုလုံးကို အပိုင်း ၃ ပိုင်း ခွဲပြောပါမယ်။


1. Beer ချက်ပြီး အအေးခံတဲ့ အပိုင်း (Boiling + Wort Separation and Cooling)

2. အချဉ်ဖောက်တဲ့ အပိုင်း (Fermentation)

3. ပုလင်းထည့်တဲ့ အပိုင်း (Bottling)


မှတ်ချက် : တစ်ကယ်တော့ Beer လို့ခေါ်လို့ရဖို့ အဓိက အချက် ၄ ချက်လိုအပ်ပါတယ်။ Malt လို့ခေါ်တဲ့ မုရောစပါး ရယ် Hop လို့ခေါ်တဲ့ ဗျစ်ပွင့်ရယ် Yeast လို့ခေါ်တဲ့ တဆေးရယ် Water ရေ ရယ်ပါ။ အခုချက်မဲ့ Ginger Cola Beer ကတော့ Beer လို့ အလွယ်ခေါ်လို့ရအောင် ပြောလိုက်ပင်မဲ့ တကယ်တော့ Beer တစ်ခုရဲ့ စံညွှန်းနဲ့ အနည်းငယ်တော့ သွေဖီနေပါတယ်။ Malt နေရာမှာ Coca Cola ထဲမှာပါဝင်တဲ့ သကြားနဲ့ Caramel လိုအခြား ingredients တွေက နေရာယူသွားပါတယ်။ Hop နေရာမှာတော့ သံပုရာခွံ၊ ဂျင်းတို့က နေရာယူသွားပါတယ်။ Coca Cola မှာ ရေလဲ ပါဝင်ပြီးသားမို့လို့ ရေ သီးသန့်ထပ်ထည့်စရာမလိုတော့ပါဘူး။

Yeast ကတော့ အရမ်း serious မဖြစ်ဘူးဆို အဆင်ပြေတဲ့ beer yeast/ wine yeast or baking yeast သုံးလို့ရပါတယ်။ ကျွန်တော်ကတော့ အလွယ်ဆုံးဝယ်လို့ရပြီး alcohol ထွက်နှုန်း နည်းတဲ့ baking yeast နဲ့ပဲလုပ်ပါမယ်။ ကယ် စလိုက်ရအောင်၊


Ginger Cola Beer

Batch Size : ~3 liters

Ingredients:

ကိုလာအချိုရည် - ၃ လီတာ (Diet Coke မသုံးရ)

ဂျင်း - ၁၀၀-၁၅၀ grams (ပါးပါးလှီးထားရပါမယ်၊ အခွံကို ရေသေချာဆေးပါ၊ အခွံမခွါရပါ)

တဆေး baking yeast - လက်ဖက်ရည်ဇွန်း ၄ ဇွန်း

သံပုရာသီး အလုံးကြီး ၁ လုံး (အခွံပါအပါ အကွင်းလိုက် ပါးပါးလှီရပါမယ်)

Brown sugar ~ ၁၀၀ grams (optional / မထည့်လဲရပါသည်၊ Alcohol content အနည်းငယ်များချင်ရင် ထည့်ပါ)


လိုအပ်မည့် အသုံးအဆောင်ပစ္စည်းများ


၁။ လျှပ်စစ် or gas မီးဖို

၂။ Beer ချက်ရန် အိုး နှင့် မွှေရန် ယောက်မ

၃။ Beer ကို အချဉ်ဖောက်သည့်အချိန်တွင် ထည့်မည့် ဘူး/ container or ပုလင်း (မရှိလျှင် coca cola ပုလင်းကို ပြန်သုံးလို့ရပါတယ်)

၄။ အချဉ်ဖောက်တာကို စစ်ဆေးရန် Air lock (အလွယ်လုပ်ချင်ရင် ရော်ဘာဘူဖောင်း နဲ့လုပ်လို့ရပါတယ်)

၅။ လေလုံပြီး အဖုံးပါသည့် ပုလင်းများ (Fermentation ပြီးလို့ ပုလင်းထဲထည့်လျှင် အသုံးပြုရန်)


ပြုလုပ်ပုံ


၁။ ကိုလာများကို ပုလင်းထဲမှ အိုးထဲသို့ထည့်ပါ။ မီးအပူပေးပါ။ gas များထွက်သွားရန် ယောက်မဖြင့် မွှေပေးပါ။ ၅-၁၀ မိနစ်ခန့်အကြာ အနည်းငယ်ပူလာလျှင် ပါးပါးလှီးထားသော ဂျင်းနှင့် သံပုရာသီးများကို ထည့်ပါ။ ၂၀-၃၀ မိနစ်ခန့် ရေဆူလာပြီး ဂျင်းနံ့မွှေးလာတဲ့ထိ မွှေပေးရပါမည်။

သကြား ၁၀၀ grams ခန့်ကိုလဲ alcohol ပိုများချင်ရင် ဒီ အဆင့်မှာ ထည့်လို့ရပါတယ်။ ထို့နောက် မီးပိတ်ပြီး အအေးခံရပါမယ်။ Boiling stage ပြီးဆုံးပါပြီ။ Room temperature လောက်ရောက်ပြီဆိုရင်တော့ wort separation လုပ်ရန် ဇကာဖြင့် အရည်နှင့် ဂျင်း သံပုရာ ဖက်များကို ဖယ်ရပါမယ်။


၂။ အအေးခံနေစဉ်မှာပဲ မိမိအသုံးပြုမဲ့ yeast က အလုပ်ကောင်းကောင်း လုပ်မလုပ်ကို စမ်းသပ်ရပါမယ်။ yeast အနည်းငယ် (half teaspoon) လောက်ကို ခွက်တစ်ခွက်ထဲထည့်၊ သကြားရည် + ရေကျက်အေး အနည်းငယ် ရောပြီး ထည့်မွှေရပါမယ်။ သိပ်မကြာခင်မှာ အမြှုပ်နှင့် yeast အနံ့ ထွက်လာရင် ထို yeast ကို သုံးလို့ရပါတယ်။


၃။ အအေးခံ၊ အဖက်များဖယ်ရှားပြီးတဲ့ cola အရည်ကို အချဉ်ဖောက်ဖို့ ပုလင်းထဲကို ထည့်ရမဲ့ အဆင့်ရောက်ပါပြီ။ Fermenter မရှိသူတွေအနေနဲ့ လိုက်လုပ်ရလွယ်အောင် ဒီနေရာမှာ cola ပုလင်း ၂လုံးကိုပဲ ပြန်သုံးလိုက်ပါမယ်။ အရင်ဦးဆုံး အသုံးပြုမဲ့ yeast ကို cola ၁ ပုလင်းကို လက်ဖက်ရည်ဇွန်း ၂-၄ ဇွန်း လောက်ထည့်ပေးပါ။ (အရည်ဖျော်ထည့်လျှင်ပိုလွယ်ကူပါသည်)၊ ထို့နောက် Cola အရည်ကိုပုလင်းထဲ ဖြည့်ပါ။ အပေါ်မှာ လက် ၂-၄ လုံးလောက် နေရာလွတ်ချန်ထားပေးပါ။ ဂျင်းအရသာများချင်ရင်တော့ ဖယ်ထားတဲ့ ဂျင်းဖက် ၂-၃ ဖက်လောက်ကို ထည့်ထားလိုက်လို့ရပါတယ်။ ပြီးရင်တော့ ပုလင်းဖုံးကို ခဏပိတ်ပြီး ၂-၃ ချက်လောက် လှုပ်ပေးပါ။ ထို့နောက် ပုလင်းအဖုံးကို ပြန်ဖွင့်ပြီး ပုလင်းအပေါက်ဝကို ရော်ဘာဘော်လုံးတပ်ထားလိုက်ပါ။ Fermentation process မှာ yeast က cola အရည်ထဲက သကြားကို စားပြီး alcohol နဲ့ carbon dioxide ပြန်ထုတ်တဲ့ အတွက် အချိန်တစ်ခုကြာလာရင် ရော်ဘာဘော်လုံးက ဖောင်းလာပါမယ်။ Fermentation လုပ်ထားတဲ့ ပုလင်းကို အေး/မှောင်ပြီး ခြောက်သွေ့တဲ့ အခန်းထဲမှာ ထည့်ထားပါ။ Room temperature 22-28•C ကြားလောက်ဆို fermentation ကောင်းကောင်းဖြစ်ပါတယ်။ Fermentation ဖြစ်မဖြစ်ကို Cola ပုလင်းဘေးဖက်ကို မီးနဲ့ထိုးကြည့်ပြီး ရေပလုံစီလေးများ အပေါ်တက်နေတဲ့အခြေအနေ အနည်းအများကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ yeast စထည့်ပြီး 24 နာရီလောက်အတွင်းမှာ ရေပလုံစီတွေ အများကြီး ထွက်လာတတ်ပါတယ်။


(ဒီနေရာမှာ serious ဖြစ်တဲ့ home brewer တွေကတော့ ferment မလုပ်ခင် wort အရည်ရဲ့ Specific gravity ကို တိုင်းတာမှတ်သားကြပါတယ်။ Specific gravity တိုင်းတာတဲ့ ပစ္စည်းက စာဖတ်သူများ အလွယ်တကူ ဝယ်ဖို့ ခက်ခဲတဲ့အတွက် ကျွန်တော် ထည့်မပြောတော့တာပါ။ အချည်ဖောက်ပြီး beer ရလာရင်လဲ ထပ်တိုင်းပြီး ကွာခြားချက်ကိုကြည့်ကာ alcohol percentage ကို ပြန်တွက်ထုတ်ရတာပါ။ ထို့အပြင် ရော်ဘာဘော်လုံးနေရာမှာ fermenter ရှိတဲ့ သူတွေကတော့ air lock သုံးကြပါတယ်၊ အချဉ်ဖောက်တဲ့ ဖြစ်စဉ်ဖြစ်နေတဲ့ အချိန်မှာ air lock ထဲမှာ ရေပလုံစီလေးတွေဖြစ်တာကို ကြည့်ပြီး fermentation process ပြီးမပြီး စစ်ဆေးနိုင်ပါတယ်။ Fermentation ကိုလဲ temperature control လုပ်ထားတဲ့ freezer လိုဟာမျိုးကို သုံးကြပါတယ်)


၃။ Fermentation လုပ်ထားတာ ၁ ပတ်လောက် ရှိပြီဆိုရင် fermentation process အနည်းငယ် လျော့သွားလောက်ပါပြီ။ ရေပလုံစီများထွက်တာ လျော့ကျသွားပါမယ်။ ၂ ပတ်လောက်ရှိပြီဆိုရင်တော့ fermentation က လုံးဝနီးပါး ပြီးသွားတတ်ပါတယ်။ ထိုအချိန်မှာ yeast တွေလဲ ပုလင်းအောက်မှာ အနည်တွေထိုင်နေတာကို တွေ့ရပါမယ်။ cola ပုလင်းနဲ့ ferment လုပ်တဲ့အတွက်ကြောင့် Bottling ဘီယာပုလင်းထည့်တဲ့ ကိစ္စလုပ်ရင် နည်းနည်းတော့ တိုင်ပတ်တက်ပါတယ်။ Ferment ဖြစ်၊ အနည်ထိုင်နေတဲ့ cola ပုလင်းကို မိမိ သုံးဆောင်မဲ့ beer bottle or လေလုံတဲ့ plastic or glass bottle ထဲထည့်ရမှာပါ။ မထည့်ခင် ထို plastic or glass bottle ထဲကို သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် အရည်ဖျော်ပြီးအရင်ထည့်ထားပါ။ အဲ့ဒါမှ gas များများလေးနဲ့ သောက်လိုကောင်းတဲ့ beer ရမှာပါ။ Cola bottle ကနေ ပုလင်းထဲကို မထည့်ခင် ကျွန်တော်ကတော့ ဇလုံတစ်ခုထဲကို အရင် အချဉ်ဖောက်ပြီးတဲ့ beer အရည်တွေကို အောက်က yeast အနည်တွေ မပါအောင် ဖြည်းဖြည်းထည့်ပါတယ်။ ပြီးမှ အဲ့ထဲကနေ ခွက်နဲ့ သောက်မဲ့ ပုလင်းထဲကို ပြန်ထည့်ပါတယ်။ ပုလင်းထဲထည့်ပြီးရင်တော့ ၂-၃ ရက်လောက် room temperature မှာထားထားပါ။ (အဲ့အချိန်မှာ gas ထွက်တာများရင် ပုလင်းကွဲတတ်သလို သကြားထည့်တာနည်းရင်လဲ gas မထွက်ပဲဖြစ်တတ်ပါတယ်၊ ပုလင်းအကြည်ထက် အနောက်ကလဲ beer အရောင် အနံ့ အရသာကို ရေရှည်ပိုကောင်းစေပါတယ်)


ထို့နောက် ရေခဲသေတ္တာထဲထည့်ပြီး သောက်လို့ရပါပြီ။ ကျွန်တော် ပြောတဲ့ အတိုင်းလုပ်ရင် ခန့်မှန်း alcohol ကတော့ ~5-6 % လောက် ရှိတဲ့ Beer ရပါမယ်။ အရေးအကြီးဆုံးအချက်ကတော့ beer ချက်တဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ သန့်ရှင်းမှုနဲ့ ပိုးကင်းစင်မှု Sanitation ပါ။ အသုံးပြုမဲ့ ပစ္စည်းတိုင်းကို တတ်နိုင်သလောက် သန့်ရှင်းတဲ့ ရေနဲ့ ဆေးကြောထားရပါမယ်။ ဖြစ်နိုင်ရင်တော့ အစားအသောက်သုံး Food grade ပိုးသတ်ဆေးရည် or Ozonated water လိုဟာမျိုးနဲ့ ဆေးကြောစေချင်ပါတယ်။ အမှန်တကယ် homebrew လုပ်တာကို စိတ်ဝင်စားလာပြီဆိုရင်တော့ ရေရှည်ပြုလုပ်ရလွယ်အောင် homebrew accessories တွေ ဝယ်ထားသင့်ပါတယ်။


Home brew လုပ်ရတာပျော်ဖို့ကောင်းသလို အချိန်စောင့်ပြီး မှရရှိတဲ့အတွက် တန်ဖိုးရှိပါတယ်။ ကိုယ်တိုင် ချက်ထားတဲ့ beer ကို အေးဆေး သောက်ရတဲ့ အရသာကလဲ အရမ်းမိုက်ပါတယ်။ But တန်ဆေးလွန်ဘေးပါ။ အများကြီး မသောက်ကြပါနဲ့နော်။


အားလုံးလဲ Stay at home ကာလမှာ ကိုယ်တိုင်အပျင်းပြေ ginger cola beer ချက်ပြီး chill နိုင်ကြပါစေ။


Dr. Sai Aung Thant Zin




35 views0 comments
Post: Blog2_Post
bottom of page