top of page

Belgium နိုင်ငံ Hoegaarden ဆိုတဲ့ မြို့လေးက ကမ္ဘာကျော်ဘီယာ တစ်ခုအကြောင်း

Writer: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

Hoegaarden (ဟူးဂါးဒင်း) beer ကို Belgium နိုင်ငံ Hoegaarden ဆိုတဲ့ မြို့လေးကနေ ထုတ်လုပ်တဲ့ နာမည်ကြီး Belgium Witbier (Wheat Beer / ဂျုံဘီယာ) တစ်မျိုးဖြစ်ပါတယ်။ Hoegaarden ဆိုတဲ့ မြို့လေးကတော့ 1445 ခုနှစ်လောက်ကတည်းက beer ချက်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပြီး 19 ရာစုလောက်မှာ Beer ချက်စက်ရုံပေါင်း ၁၃ ခုလောက်ထိထွန်းကားခဲ့ပါတယ်။ 1957 ခုနှစ်လောက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံး ကျန်ရှိတဲ့ beer ချက်စက်ရုံ ပိတ်သိမ်းခဲ့ပါတယ်။ ဒါပင်မဲ့ စက်ရုံအနီးက နွားနို့လုပ်ငန်းလုပ်ကိုင်သူ Pierre Celis က သူ့အဖေဆီက ပိုက်ဆံချေးပြီး 1965 ခုနှစ်မှာ Hoegaarden မြို့ရဲ့ Witbier ချက်တဲ့ လုပ်ငန်းကို ပြန်လည်စတင်ခဲ့ကာ 1966 ခုနှစ် မှာကျွန်တော်တို့ အခုသောက်တဲ့ Hoegaarden beer ရဲ့ ပထမဦးဆုံး first batch ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီး အခုလက်ရှိမှာ AB InBev ဆိုတဲ့လုပ်ငန်းစုက Hoegaardenbeer ကို ဆက်လက်ထုတ်လုပ်နေတာဖြစ်ပါတယ်။


Beer တစ်ခုချက်ရင် မရှိမဖြစ်လိုအပ်တဲ့ ဂျုံစေ၊ ဘာလီစေ့၊ ဗျစ်ပွင့်၊ ရေတို့ အပြင် ထူးထူးခြားခြား အနေနဲ့ curaçao orange အခွံနဲ့ coriander seed နံနံပင်စေ့ ကိုပါ beer ချက်တဲ့ နေရာမှာ အသုံးပြုထားပါတယ်။


အရောင်၊ အနံ့၊ အရသာပိုင်းကတော့ အတော်လေးကို စိတ်ဝင်စားစရာပါ။


အရောင် - အဝါနုရောင် light colour ဖြစ်ပြီး beer ကို filter မလုပ်ထားတဲ့အတွက် ကြည်လင်မှုကတော့ ခပ်မှိုင်းမှိုင်း(hazy) ဖြစ်ပါတယ်။


အနံ့- beer ကို ထည့်ထည့်ချင်းမှာ ရှောက်သီး၊ လိမ္မော်သီးလို သစ်သီးနံ့ သင်းသင်းလေးနဲ့ အတူ ဂျုံအနံ့ကိုလဲ ခံစားရပါတယ်။


အရသာနှင့် အခြား - Beer ရဲ့ အပေါ်က အမြှုပ်က ထုတ်လုပ်သူပြထားတဲ့ စနစ်အတိုင်း ခွက်ထဲကို စနစ်တကျထည့်ရင် အတော်လေး လှလှပပ၊ ထူထူထည်းထည်း ရှိပြီး citrus/fruity အနံ့ သင်းသင်းလေးကို ပိုခံစားရပါတယ်။ စသောက်တဲ့အချိန်မှာ သတိထားမိတာက beer က အရမ်း အမြှုပ် (carbonation) မများ၊ အရမ်းမစူးပါဘူး။ Body ကlight ဖြစ်ပါတယ်။ အဝင်ချောမွေ့ပြီး အရသာကတော့ ထည့်သွင်းပြီးချက်ထားတဲ့ orange peel ရဲ့ သစ်သီး citrus အရသာနဲ့ ဂျုံရဲ့ အချိုဓာတ်ကို သိသိသာသာကို ခံစားရပါတယ်။ Unfiltered beer ဖြစ်တဲ့ အတွက် yeasty ဖြစ်တဲ့အရသာလေးလဲ အနည်းငယ်ခံစားရပါတယ်။ Aftertaste သောက်ပြီး ကျန်ခဲ့တဲ့အရသာကတော့ အခါးဓာတ်နည်းနည်းနဲ့ အချိုဓာတ်နည်းနည်းစီ ရှိပြီး ခဏလေးနဲ့ အရသာ ပျောက်သွားပါတယ်။ Beer ကျွမ်းကျင်တဲ့ မိတ်ဆွေအစ်ကိုတစ်ယောက်ပြောပြတာကတော့ နောက်ဆုံးကျန်ခဲ့တဲ့ အချိုဓာတ်လေးက Belgium beer တွေချက်ရင် ထည့်လေ့ရှိတဲ့ candi syrup / candi sugar လို့ခေါ်တဲ့ သကြားတစ်မျိုးကြောင့်လို့သိရပါတယ်။ သောက်ပြီး အသက်ရှူထုတ်လိုက်ချိန် ရတဲ့ ဂျုံနံ့ သင်းသင်းလေးက အသက်ပါ။


Hoegaarden beer ကို သောက်ရင် ခွက်နဲ့ သောက်ရပါတယ်။ ပုလင်းလိုက်လုံးဝ မသောက်ပါနဲ့။ ဘာလို့လဲဆိုတော့ပုလင်းရဲ့အောက်မှာ အနည်ထိုင်နေတဲ့ yeast တွေရှိတဲ့ အတွက် ခွက်ထဲကို ထုတ်လုပ်တဲ့သူက ပြထားတဲ့ အတိုင်းစနစ်တကျ ထည့်ပြီး သောက်မှ အရောင်၊ အနံ့၊ အရသာ ကို 100% ခံစားရမှာပါ။ အချို့ကလဲ သံပုရာသီး၊ ရှောက်ချိုသီးလေးထည့်ပြီးသောက်ကြပါတယ်။


နောက်နေ့ကျရင် Hoegaarden beer ကို ခွက်ထဲ စနစ်တကျ ဘယ်လို ငှဲ့ရမလဲဆိုတာလေးကို Video လေးနဲ့ ပြပေးသွားပါမယ်။


ကျေးဇူးတင်ပါတယ်။

Dr. Sai Aung Thant Zin





 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page